Home / 2022 / March / 28

Daily Archives: March 28, 2022

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၂၄ ================ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်း များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ပထမလှိုင်း၊ ဩဂုတ်လအတွင်းမှာ ဒုတိယလှိုင်းနှင့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှာ တတိယလှိုင်း၊ ဒီဇင်ဘာလမှာ စတုတ္ထလိုင်းများကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါရဲ့ အကျိုးဆက်အနေဖြင့် ပြည်သူများ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးတွေမှာ များစွာနှောင့်နှေးခဲ့ရကြောင်း၊ ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေးကို လေ့ကျင့်သလို တစ်ဘက်ကလည်း ကူးစက်မှုလျော့နည်းလာချိန်မှာ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ခြင်းများကို ပိုမိုအားထည့်လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ပထမလှိုင်းက‌နေ စတုတ္ထလှိုင်းထိ အောင်မြင်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ရာ အစိုးရနှင့်ပြည်သူ လက်တွဲညီစွာ ဆောင်ရွက်ရေးနှင့် စေတနာ့ဝန်ထမ်းများ၏ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့အား မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သနပ်ပင် မတ် ၂၄ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်အတူ မတ်လ(၂၃)ရက်နေ့၊ မွန်းလွဲ ပိုင်းက သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ် တို့အား မြို့ပြအင်္ဂါရပ်နှင့် အညီဖြစ်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ မြို့တွင်းလမ်းဘေး(ဝဲ/ယာ) ရေနုတ်မြောင်းနှင့် Box Culvert ပြုလုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သတ်မှတ်စံချိန်စံညွန်းနှင့်အညီ အချိန်မီပြီးစီးရေး လမ်းညွှန်မှာ ကြားခဲ့ပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)သို့ သွားရောက်ခဲ့ပြီး အခြေခံပညာအလယ်တန်းနှင့်အထက်တန်း စာမေးပွဲဖြေဆို နေမှုအား ကြည့်ရှုခဲ့ကာ ကျောင်းတွင်းမြေဖို့ရန်၊ ရေနုတ်မြောင်းတူးဖော်ပေးရန်၊ စက်ဘီးရပ်နားရန် နေရာများပြုလုပ်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူး-သနပ်ပင်-ခရမ်း-သံလျင် လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ပုံငွေဖြင့် …

Read More »

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဘုရင့်နောင်ဝန်ထမ်းအိမ်ရာ စခန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး မတ် ၂၄ ================              (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ်လ(၂၂)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ သမိန်ဗရမ်းလမ်းရှိ ဘုရင့်နောင်ဝန်ထမ်း အိမ်ရာစခန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။                ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့ အစည်းများ တိုးမြှင့်ထားသဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်း ပေးရန် နှစ်အလိုက်ဘတ်ဂျက်လျာထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဆင်ပြေစိတ်ချလုံခြုံစွာ မိသားစုဘဝများဖြစ်စေရေး၊ ဌာနပေါင်းစုံ ဝန်ထမ်းများ စုပေါင်းနေထိုင်ခြင်း ဖြင့် ချစ်ခင်ရင်းနှီးပြီး စုပေါင်းနေထိုင် စုပေါင်းလုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးနှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို အေးချမ်းစွာ ဆောင်ရွက်နိုင်စေရေးအတွက် ယခုလို ဝန်ထမ်းအိမ်ရာစခန်းများ တည်ဆောက်ပေးရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင် …

Read More »