Home / 2022 / March / 29

Daily Archives: March 29, 2022

ပြည်မြို့၌ နဝမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်

ပြည် မတ် ၂၉ ============           ပြည်မြို့၊ ဝင်္ဂဘာတောရစာသင်တိုက်၌ နဝမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား မတ်လ(၂၈)ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညို ခဲ့သည်။           ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပြည်မြို့ ဝင်္ဂဘာတောရ စာသင်တိုက် ဦးစီးပဓာနနာယက “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်ထံ မှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပြီး ပြည်မြို့၊ ဇောတိကာရုံ ပါဠိတက္ကသိုလ် တိုက်ကြပ်နာယက “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ”ဘဒ္ဒန္တသုမင်္ဂလက အဖွင့်သြဝါဒကထာ မြွက်ကြား ခဲ့သည်။           ထို့နောက် …

Read More »

ပြည်ခရိုင်အတွင်း  (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနားနှင့် ကျေးလက်မီးလင်းရေးအခမ်းအနားဖွင့်ပွဲများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပေါက်ခေါင်း မတ် ၂၈ ================= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းအချိန်က  ပြည်ခရိုင်အတွင်း (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနားနှင့် ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့သို့ ရောက်ရှိခဲ့ပြီး ပေါက်ခေါင်းမြို့နယ် ဥပဒေရုံးသစ် ဖွင့်ပွဲအခမ်း အနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစန်းလွင်တို့က အမှာစကားပြောကြားကြပြီး တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးခင်မောင်လွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ၎င်းနောက် ပေါက်ခေါင်းမြို့နယ် ဥပဒေရုံး အဆောက်အဦသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစန်းလွင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ် ဥပဒေရုံးဆိုင်းဘုတ်အား အမွှေနံ့သာရည်များပက်ဖြန်းကာ ဥပဒေရုံး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါပေါက်ခေါင်းမြို့နယ်ဥပဒေရုံးအဆောက်အဦသစ်သည် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ မတ် ၂၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာ အုပ်စု၊ တောင်သူဦးမျိုးမြင့်၏ ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂) နေကြာမျိုးစိုက်ခင်း ရိတ်သိမ်းနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ဓါတ်မြေသြဇာ (၅)အိတ် ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် သဲဖြူကျေးရွာ၊ တောင်သူ ဒေါ်အေးစန်း၏ (GW-11) နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက် ခဲ့ကြည့်စစ်ဆေးခဲ့ရာ ဒေသနှင့်ကိုက်ညီပြီး မျိုးကောင်းမျိုးသန့်ရရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် …

Read More »