Home / 2022 / March / 31

Daily Archives: March 31, 2022

ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်သွားရန် တိုင်း ဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး မတ် ၃၁ =========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ ၏ (၃/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီး(၆)ခုနှင့် ချိတ်ဆက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုများကြောင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာလျက်ရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ကောင်းများစွာ ဖန်တီးပေးနိုင်လျက်ရှိကြောင်း၊ ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့်အတူ ဖွံ့ဖြိုးလာသည့် မြို့ပြလူနေမှု အခြေအနေများကြောင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာရှိ လာပါက ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး …

Read More »

ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မတ် ၃၁ ========== ပဲခူးမြို့နယ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးသုံးလုပ်ငန်းပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံ ကြည့်ရှုရန်———————

Read More »