ပဲခူး ဩဂုတ် ၂၇ ========================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ်လ(၂၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်း များများရရှိစေမည့် CMP လုပ်ငန်းများကို အဓိကထား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဓါတ်မြေဩဇာထုတ်လုပ်သည့် စက်မှု လု်ပငန်းများနှင့် ဆိုလာထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ဆောင်ရွက်နိုင်သည့်အပြင် Wind Turbine Energy ထုတ်လုပ်မည် ဆိုပါကလည်း ဆောင်ရွက်နိုင်ကြောင်း၊ စက်မှုနယ်မြေများတွင် မြေကွက်လွတ်မရှိ ရင်းနှီးမြှုပ်နှံမှု စက်ရုံ/ အလုပ်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြေနေရာရယူထားပြီး လာရောက်လုပ်ကိုင် ခြင်းမရှိသူများအား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website