Home / 2022 / October / 10

Daily Archives: October 10, 2022

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် လောင်းလှူပူဇော်ကြည်ညို

ပဲခူး အောက်တိုဘာ ၁၀ ==========   ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ(၉)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ မဟာသီဝလိ သိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော် စသည့်နေရာများ တွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်သည်။       သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားအနောက်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင် ကျောင်းပေါင်း(၃၅၈)ကျောင်းမှ သံဃာတော် (၂၈၅၂)ပါးတို့မှ (၁၀၃၁)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် သံဃာတော် အပါး(၁၉၀)ပါးမှ (၁၅၇)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီသိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၉)ကျောင်းမှ သံဃာတော်(၄၈၉)ပါးတို့မှ (၁၄၁)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်း တိုက် သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ …

Read More »