Home / 2022 / October / 08

Daily Archives: October 8, 2022

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်

ပြည် အောက်တိုဘာ ၇ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်းအား ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် များ စိတ်ဝင်စားပြီး ပိုမိုလာရောက် လည်ပတ်နိုင်စေရေးအတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်းသို့ ခရီးသွားများ ကျယ်ဝန်းလွတ်လပ်စွာ သွားလာနိုင် ရေး (၄)လမ်းသွားကားလမ်းဖောက်လုပ်နိုင်ရန် လမ်းအူကြောင်း ရှာဖွေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျူမြို့ဟောင်းရှိ နန်းတော်ရာကုန်းသို့ သွားရောက်၍ နန်းတော်ရာကုန်း ပြန်လည်တူးဖော်မည့် အစီအစဉ်များ၊ နန်းတော်ရာကုန်းပတ်လည် အတွင်းကျုံး ပြန်လည်တူးဖော်မည့် အစီအစဉ်များနှင့် အတွင်းကျုံးအား ရေအမြဲရှိစေရေး မူလရေဝင်ရေလွှဲ စနစ်အား ပြန်လည်ဖော်ထုတ်နိုင်ရေး ဦးသောမကန်၊ ရဟန္တာကန်နှင့် ကြာကန် တည်ရှိနေမှုတို့ ကြည့်ရှု စစ်ဆေးခဲ့ပြီး ရှေးမူမပျက် …

Read More »

မိရိုးဖလာထုတ်လုပ်နေသည့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ် နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်အားပေးစကားပြောကြား

ပြည် အောက်တိုဘာ ၇ ====================== ပြည်မြို့၊ တည်ဆောက်ရေး(၂)ဧည့်ရိပ်သာ၌ အောက်တိုလာလ(၇)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ မိရိုးဖလာထုတ်လုပ် နေသည့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ် နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်အားပေးစကား ပြောကြားခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်အတွင်း အစားအသောက်များ၊ အသီးအနှံများနှင့် အဝတ်အထည်များ ပေါများစွာ ထွက်ရှိပြီး ပြည်တွင်းဈေးကွက်တွင်လည်း ခိုင်မာသည့် နေရာတစ်ခုကို ရရှိထား ပြီးဖြစ်ကြောင်း၊ ကုန်ပစ္စည်းအရည်အသွေးများ ကောင်းမွန်မှုရှိသော်လည်း တစ်ချို့ဒေသထွက်ကုန်များသည် ယခုအချိန်အထိ မိရိုးဖလာထုတ်လုပ်နေသည့် အဆင့်သာရှိနေပြီး ထပ်မံအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း၊ ထုတ်ကုန်များ ၏ တန်ဖိုးသည် အရည်အသွေး ကောင်းမွန်မှုတစ်ခုတည်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် မဖြစ်နိုင်ကြောင်း၊ မိမိတို့ဒေသထွက်ကုန်တိုင်းတွင် ခေတ်မီသည့် ထုတ်ပိုးမှုပုံစံသစ်များဖြင့် ဆောင်ရွက်မှသာ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပြည် အောက်တိုဘာ ၆ ================= အောက်တိုဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့် ဂုဏ်ပြုခြင်း အခမ်းအနားကို ပြည်မြို့၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ပဲခူးတိုင်းဒေသကြီး အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်ခဲယမ်းများ စွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်(၁၁၄)သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ ကိုလည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ အခမ်းအနားများသို့တက်ရောက်

ပဲခူး အောက်တိုဘာ ၁ =============        ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်ထံမှ ပေးပို့သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် …

Read More »