Home / 2022 / October

Monthly Archives: October 2022

မြို့တိုင်း Clean City, Green City ဖြစ်စေရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၂၉ ===================‌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၈) ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိများနှင့် တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တစ်မြို့၏ပြယုခ်သည် ယင်းမြို့၏ သန့်ရှင်းသာယာလှပခြင်းနှင့်အတူ မြို့နယ်စည်ပင်အမှုဆောင်အရာရှိတို့၏ အရည်အချင်းပေါ်တွင် များစွာ မူတည်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး သန့်ရှင်းသာယာလှပစေရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးလု်ပငန်းများသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ စေတနာထား ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ရန်ကုန်-ပြည်ကားလမ်း ဖြတ်သန်းရာမြို့များတွင် လမ်းဘေးပလက်ဖောင်းများ ပြန်လည် ဖော်ထုတ်ခြင်း၊ ကျူးကျော်များရှင်းလင်းခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်သွားရမည့် အပြင် ကားလမ်းများ ရေဆေးခြင်းနှင့်အတူ ဆေးသုတ်ခြင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ မြို့အဝင်/အထွက်နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များအား မြန်မာ/အင်္ဂလိပ် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၈ ================           ပဲခူးတိုင်းဒေသကြီးအတွင်း MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာ လ (၂၇)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ရေ၊မြေ အခြေခံ ကောင်းများပိုင်ဆိုင်ထားပြီး ဒေသအလိုက် နာမည်ကြီးသည့် ဒေသထွက်ကုန်များရှိကြောင်း၊ ဒေသထွက်ကုန် များတွင် လူသုံးကုန်၊ စားသုံးကုန်နှင့် အခြားစက်မှု၊လက်မှုထုတ်ကုန်များပါရှိကြောင်း၊ အဓိကအားဖြင့် စားသုံးကုန်များသည် နာမည်ကြီးသော်လည်း ပြည်ပသို့တင်ပို့နိုင်သည့် ထုပ်ပိုးမှုစနစ်များ လိုအပ်လျက်ရှိ ကြောင်း၊ အရသာကောင်းမွန်သော်လည်း ထုပ်ပိုးမှုစနစ် ခေတ်မီအောင် ပြောင်းလဲနိုင်မှသာ ကောင်းမွန်ပြီး ရေရှည်တည်တံ့သည့် ဈေးကွက်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သော နည်းပညာများ၊ ထုပ်ပိုးသည့်စက်ပစ္စည်းများနှင့် အခြားချိတ်ဆက်ဆောင်ရွက်ပေးရမည့် ကဏ္ဍများအား စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့တန်ဆောင်တိုင်မီးထွန်းပွဲကာလတွင် ဒေသထွက်ကုန်အရောင်းပြခန်းများ ထည့်သွင်းသွားမည်ဖြစ်၍ …

Read More »

ပဲခူးမြို့၌ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူး အောက်တိုဘာ ၂၇ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၆) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၌ တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်(၁၉)ရောဂါကူးစက်မှုများကြောင့် ရာသီအလိုက်ပွဲတော်များ ရပ်နားထားခဲ့ သော်လည်း ပြည်သူများ စိတ်အမောပြေစေနိုင်ရေး မဟာသင်္ကြန် ပွဲတော်ကို မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအလိုက် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ ယခုအခါမှာလည်း မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပဲခူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရာသီအလိုက်ပွဲတော်များကို အစဉ်အလာမပြတ် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးရန် စီစဉ်လျက်ရှိပြီး မြို့မိ/မြို့ဖများ ကလည်း မိမိတို့နေထိုင်ရာ ပဲခူးမြို့၏ပုံရိပ် ထူးခြားကောင်းမွန်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်ကို မြင်တွေ့ရ သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ …

Read More »

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်း Public Area များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၂၅ ====================           မြို့ကြီးများတွင် ပြည်သူများ ကျန်းမာကြံ့ခိုင်ရန်နှင့် စိတ်အပန်းဖြေရန် အများပြည်သူ လမ်းလျှောက်နိုင်ရန်အတွက် Public Area များ ဖန်တီးပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ပေါ် ဆောင်ရွက်နေသည့် ပဲခူးမြို့အတွင်း ဆောင်ရွက်ထားရှိမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက အောက်တိုဘာလ(၂၅)ရက်နေ့၊ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ ရန်ကင်းသာ ပန်းခြံအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခေတ်မီကလေးကစားကွင်းနှင့် အပန်းဖြေပန်းခြံအဖြစ် ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပန်းခြံအတွင်း တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ အနားယူချင်စရာနေရာတစ်ခုအဖြစ် ဖန်တီးရာတွင် နိုင်ငံတကာ ၏ Landscaping Design …

Read More »

စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေနှင့်ရေကို အကျိုးရှိရှိ အသုံးချရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၂၅ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၅) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစည်းအဝေး အမှတ်စဉ် (၉/၂၀၂၂) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေနှင့်ရေကို အကျိုးရှိရှိ အသုံးချ ရန် လမ်းညွှန်မှာကြားခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်း လင်းခဲ့ပြီးနောက် စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းဆောင်ရွက်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် မြစ်မခမြစ်တို့ရှိ ရေချို များအား စိုက်ပျိုးရေးအပြင် သောက်သုံးရေအဖြစ် အကျိုးရှိရှိအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊ နွေရာသီ ရေမခမ်းခြောက်သည့် မြစ်ချောင်းများအား စနစ်တကျ …

Read More »

သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့်ဓါတ်မြေဩဇာ ထောက်ပံ့ ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး အောက်တိုဘာ ၂၁ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် အောက်တိုဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖရဲကျေးရွာအုပ်စု၊ ကာမာဖရန်ကျေးရွာအုပ်စု၊ ငါးကြီးဝင်းကျေးရွာ အုပ်စု၊ စွန်ပိကျေးရွာအုပ်စု၊ ကလိုင်ကျေးရွာ အုပ်စုနှင့် ရေကျော်ကျေးရွာအုပ်စုတို့မှ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများထံ (ရေဆင်းစပ်မျိုး နေကြာ-၁)မျိုးစေ့ နှင့် ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။           ထို့နောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး တောင်သူများ၏ လူမှုစီးပွားဘဝများ မြှင့်တင်ပေးနိုင်ရေး စိုက်နည်းစနစ်များ အသိပညာပေးရန်၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန်၊ ရေပေးမြောင်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ အမှန်တကယ် စိုက်ပျိုးအောင်မြင်နိုင်သည့် မြေနေရာရွေးချယ်ပေးရန်၊ ဥစားဘဲမွေးမြူနိုင်ရေးနှင့် …

Read More »

မြို့နယ်တစ်မြို့နယ် ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ပိုးမှု Packing စနစ်များ အဆင့်မြင့် ကောင်းမွန်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

ပဲခူး အောက်တိုဘာ ၁၉ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၉) ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းရာသီ ရောက်ရှိနေပြီဖြစ်၍ ရိတ်သိမ်းပြီးသီးနှံများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း၊ မကြာမီ ဆောင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ဆီထွက်သီးနှံများဖြစ်သော ပဲအမျိုးမျိုးနှင့် ဆောင်းနေကြာ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းဝယ်ယ်၍ စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်နှစ်(၃)သီး စိုက်ပျိုးမည့် နေရာများတွင် ရက်တိုပြီး အထွက်တိုးသည့် မျိုးကောင်းမျိုးသန့် များ အချိန်မီစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မိရိုးဖလာမွေးမြူနေသည့် စနစ်မှ ကြီးထွားနှုန်းကောင်းပြီး ဈေးကွက်ခိုင်မာလျက်ရှိသော ဒေသကြက်မွေးမြူရေးလုပ်ငန်းများနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

ကဝ အောက်တိုဘာ ၁၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ သပြုစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း၌ ဒယ်အိုးအမျိုးမျိုး၊ စက်လှေပန်ကာအမျိုးမျိုး၊ ငရုတ်ဆုံနှင့် ဆိုင်ကယ်အပိုပစ္စည်း အမျိုးမျိုး သတ္တုအရည်ကျိုပုံလောင်း ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။ ၎င်းနောက် သပြုစံပြကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သတ္တုအရည်ကျိုပုံလောင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကာ နိုင်ငံတော်အဆင့်မှ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်နေမှု အခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ပြီး လုပ်ငန်းသုံးပါဝါမီတာရရှိရေး၊ စက်ရုံများအတွက် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး၊ လိုအပ်ပါက ထရန်စဖော်မာတပ်ဆင်နိုင်ရေး၊ …

Read More »

တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၅ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည်ဟူသော အားကစားဆိုင်ရာ ခံယူချက်အတိုင်း အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်း သော၊ စွမ်းရည်ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ကို အခြေခံပြီး စည်းကမ်းပြည့်ဝစွာ အကောင်းဆုံးယှဉ်ပြိုင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲကာလအတွင်း ကိုဗစ်(၁၉) စည်းကမ်းချက်နှင့်အညီ နေထိုင်သွားလာ ကြရန်နှင့် အားကစားကွင်း၊ အားကစားရုံ၊ အိပ်ဆောင်များ၌ သတ်မှတ်ထားသည့် …

Read More »

ပြည်သူဗဟိုပြုသော ကြိုတင်သတိပေးချက် ထုတ်ပြန်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်တွန်း ပြောကြား

ပဲခူး အောက်တိုဘာ ၁၃ ===========     ပဲခူးမြို့၊ မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်သည် “ကြိုတင် သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်” ဖြစ်ပြီး ကြိုတင်သတိပေးစနစ်များ ခိုင်မာ အားကောင်းအောင် ဆောင်ရွက်မှုနှင့်အတူ ကြိုတင်သတိပေးချက်တွေအပေါ်မူတည်ပြီး လိုအပ်သည့်စီမံခန့်ခွဲ ဆောင်ရွက်ချက်တွေကိုလည်း အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်ဖို့ လိုအပ်တာကို မီးမောင်းထိုးပြ ထားတာတွေ့မြင်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးကြိုတင်သတိပေးစနစ် ခိုင်မာအားကောင်းစေရန် ပြည်သူ လူထုပါဝင်သည့် ပြည်သူဗဟိုပြု သဘာဝဘေးကြိုတင်သတိပေးစနစ်ကို တည်ဆောက်နိုင်ရေး သတိပေးချက် များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အတိအကျလိုက်နာကြဖို့ အရေးကြီးကြောင်း၊ …

Read More »