Home / 2022 / October / 12

Daily Archives: October 12, 2022

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၂ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂) ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ လက်ထက်တွင် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ခွင့်မပြုခဲ့သော်လည်း ယခင်ခွင့်ပြုပေးခဲ့သည့် လယ်ယာမြေများအား ပြန်လည်စိစစ်၍ စည်းကမ်းချက် အတိုင်း ဆောင်ရွက်ခြင်းမရှိပါက လယ်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်၊ မြေယာအယူခံမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များအနေဖြင့် မြေယာအယူခံမှု တစ်ခုချင်းစီအား သေချာစိစစ်၍ ဆုံးဖြတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေအား အခြားနည်းအသုံးပြုခြင်းမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တားဆီးခြင်းနှင့် အရေးယူခြင်းများကို ချက်ခြင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လယ်ယာ မြေများအား အခြားသီးနှံ …

Read More »