ပဲခူး ဒီဇင်ဘာ ၅ ================= ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ကြိမ်ထည်လက်မှု သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုရရှိနိုင်ရေး စီမံကိန်းများရေးဆွဲခြင်း၊ ဘဏ္ဍာရေး အရင်းအနှီးများ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အုံများ ဆောက်လုပ်ပေးခြင်း၊လူ့စွမ်းအားအရင်းအမြစ် များ တိုးတက်အောင်ဆောင်ရွက်ပေးခြင်း၊ တီထွင်ဆန်းသစ်များမှု အားပေးမြှင့်တင်ခြင်းနှင့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဒေသန္တရ …
Read More »Monthly Archives: December 2023
ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီးရမိခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဂုဏ်ပြုချီးမြှင့်
ပဲခူး ဒီဇင်ဘာ ၅ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီး ရမိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး (၂)မျိုးဖြင့် ဆေင်ရွက်လျက်ရှိကြောင်း၊ ပဲခူး မြို့နှင့် ဘုရားကြီးမြို့တို့သည် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နေသာ လမ်းကြောင်းများဖြစ်သည့် မြဝတီ-ဘားအံ- ရန်ကုန်လမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေး-ရန်ကုန်လမ်းကြောင်းတို့ဖြင့် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် လမ်းဆုံမြို့ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရန်၊ ဥပဒေဘောင်အတွင်းမှ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် ဈေးကွက်ယှဉ်ပြိုင်မှု မျှတမှုရှိစေရန် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များဖွဲ့စည်းပြီး တရားမဝင် တင်သွင်း/တင်ပို့မှုများ ကို ရှာဖွေဖော်ထုတ်စစ်ဆေးအရေးယူရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ တာဝန်ပေးအပ်ခြင်းခံရသည့် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
သာယာဝတီ ဒီဇင်ဘာ ၄ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ဦးကျော်သီဟ၏ ပဲမုန့်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်နေခြင်းဖြစ်၍ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်၊ ထုပ်ပိုးမှုစနစ်များ အဆင့် မြှင့်တင်ရန်၊ FDA ထောက်ခံချက်ရရှိရေး ဆောင်ရွက်ရန်နှင့် ဈေးကွက်များ ပိုမိုတိုးချဲ့နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သင်တောရိုး ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၅၀)၌ တောင်သူ(၆)ဦး၏ မြေဧရိယာ(၄၅)ဧကအား အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ်(၂၀.၂)သန်းဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး …
Read More »ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁ ============= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “ AIDS ကင်းဝေးရေး ပြည်သူလူထု ဦးဆောင်ပေး”ဆိုသည့်အတိုင်း HIV ပိုးရှိ ရှင်သန်သူများနှင့် ဦးတည်အုပ်စုဝင်များ၏ အရည်အသွေး ပိုမိုပြည့်ဝလာပြီး ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ပါက AIDS ရောဂါကို ပြည်သူ့ကျန်းမာရေး အန္တရာယ်အဖြစ်မှ အဆုံးသတ်နိုင်မှာဖြစ်ကြောင်း၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအတွက် ပြုစုကုသရေးလုပ်ငန်း၏ အဓိကဖြစ်သော အေအာတီဆေးပေးဝေမှုကို …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား အောင်နိုင်ရေးအလံပေးအပ်
ပဲခူး ဒီဇင်ဘာ ၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူ များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူ များ၊ နည်းပြ/အုပ်ချုပ်သူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူမှုရေးဦးတည်ချက်မှာပါရှိသည့် “တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသော ဦးတည်ချက်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး အမျိုးသားပညာရေးမြင့်မားစေရေးအတွက် ကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးရခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲဝင် မောင်/မယ်များအနေဖြင့် စိတ်ဓါတ်ကြံ့ခိုင်၍ စွမ်းရည်ပြည့်ဝစွာဖြင့် စည်းကမ်းကောင်းမွန် သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ …
Read More »