Home / 2025 / May

Monthly Archives: May 2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်း အပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၆ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားအား မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့  ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်း အပ်နှံကြပါစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးအဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး မေ ၁၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မေလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ငလျင်ဘေးဒဏ်သင့် အဆောက်အဦများ ကွင်းဆင်းစိစစ်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း လူသေဆုံးမှုနှင့် လမ်း/ တံတားအပါဝင် အဆောက်အဦများလည်း ထိခိုက်မှုရှိခဲ့ကြောင်း၊ ငလျင်ဖြစ်ပွားပြီး နောက်တစ်ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးကောင်းမွန်စေရေး ကွင်းဆင်းစိစစ် ၍ ရက်ပိုင်းအတွင်း အမြန်ဆုံးပြုပြင်ပေးနိုင်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ပုဂ္ဂလိကပိုင် အဆောက် အဦများသည် ၎င်းတို့နီးစပ်ရာ အင်ဂျင်နီယာမဟုတ်သောသူများနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ နံရံပြိုကျ ခြင်း၊ ခေါင်မိုးပြိုကျခြင်းများကြောင့် လူသေဆုံးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျ၊ ပျက်စီး၊ ထိခိုက်ခဲ့သည့် အဆောက်အဦများအား  အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

ပဲခူး မေ ၁၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် အခြေခံ စားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား မေလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေး ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်း အိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသို့လည်း Mobile Shop များ ဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဘုရင့်နောင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး မေ ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ငလျင်ဘေးသင့်ဒေသများတွင် မိုးစပါးနှင့် မိုးသီးနှံစိုက်ဧကများ အထွက်နှုန်းလျော့နည်းကျဆင်းမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်အနက် ယခင်နှစ်က ပန်းတိုင်အထွက်နှုန်း(၁၄)သိန်းကျော် ထွက်ရှိခဲ့ရာ ကျန်ရှိသည့်(၁၂)သိန်းကျော်အား ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် ယခုနှစ်မိုးရာသီတွင် ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိုးစပါး(၁) သီးသာ စိုက်ပျိုးနိုင်သည့်ဒေသများတွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်အား မဖြစ်မနေစိုက်ပျိုး ရန်လိုအပ်ပြီး မြေဆီဩဇာဖွံ့ဖြိုးမှသာ သီးထပ်စွမ်းအား တိုးတက်လာမှာဖြစ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း နှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တောင်သူများလက်တွေ့သိမြင်နိုင်ရေး သီးနှံအမျိုးအစားအလိုက် စံပြစိုက်ခင်းများ ဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ မေလ(၁၁)ရက်နေ့ ညနေ ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်‌ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အရှေ့ဖက်မုခ် မဟာဗောဓိ ညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့နေ ပြည်သူများက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် ဆုတောင်းပြည့်‌ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား အခမ်းအနားမှူးမှ “မဟာဗောဓိ ဒုမေနာထော ဗောဓိပူဇနာဝန္ဒနာ” ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ အခမ်းအနား ကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့မှ “မဟာဗောဓိပင်ဘုရားရှိခိုး” ရွတ်ဆို၍ ဗဟာဗောဓိပင်ကိုရှိခိုးပူဇော်ခြင်း၊ “ပတျာဝတ္တဂါထာ” ကိုရွတ်ဆို ၍ …

Read More »

ပဲခူးမြို့နယ်၊ အင်းတကော်မြို့၌ မဟာဗောဓိပရိဘောဂစေတီတော် နှစ်(၁၀၀)ပြည့် ပူဇော်ပွဲမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၁၁           ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ မဟာဓောဓိစစ်ကိုင်းကျောင်းတိုက်အတွင်း စိုက်ပျိုးပူဇော်တည်ရှိ တော်မူသော မဟာဗောဓိပရိဘောဂစေတီတော် နှစ်(၁၀၀)ပြည့် ပူဇော်ပွဲမင်္ဂလာ အခမ်းအနားအား မေလ (၁၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ တက်ရောက်ပူဇာ်ခဲ့ကြသည်။           ရှေးဦးစွာ မဟာဗောဓိပင်တော် ပရိဘောဂစေတီတော်မြတ်ကြီးအား ဆရာတော်(၃၆)ပါးဖြင့် ဗုဒ္ဓါ ဘိသေကအနေကဇာတင် ပူဇော်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူ များက “နမောတဿ” (၃)ကြိမ်ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားမှူးက ဥယျောဗနဂါထာတော်အား ဖတ်ကြား ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်များက …

Read More »

ပဲခူးမြို့၌ နွေရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ပဲခူး မေ ၉           ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ မိုးလုံလေလုံအားကစားခန်းမ၌ မေလ(၉)ရက်နေ့၊ နံနက်ပိုင်းက နွေရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်၏ အခန်းကဏ္ဍ အားလုံး ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များအတွက် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ လူငယ် များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ အသိပညာဗဟုသုတများ လေ့လာ ဆည်းပူးနိုင်ရေးနှင့် လူငယ်အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံပြီး ပူးပေါင်းလေ့လာသင်ယူနိုင်သည့် ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာကို ဧပြီလ(၂၈)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်၊ အနုပညာ ခန်း၊ ဂီတနှင့်ပန်းချီခန်း၊ သက်မွေးသင်တန်းခန်း၊ GYM အားကစားခန်းနှင့် ဘက်စုံသုံးခန်းမများ ပါဝင် ကြောင်း၊ လူငယ်များ၏ဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို …

Read More »

ကျောက်တံခါးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယ)အကြိမ်တင်ဒါခေါ်ယူခြင်း

ကျောက်တံခါး မေ ၉ ကျောက်တံခါးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  လုပ်ငန်းသုံးပစ္စည်းများအတွက် (ဒုတိယ)အကြိမ် တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———-

Read More »

ဒိုက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (ဒုတိယ)အကြိမ်တင်ဒါခေါ်ယူခြင်း

ဒိုက်ဦး မေ ၉ ဒိုက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် (ဒုတိယ)အကြိမ် တင်ဒါခေါ်ယူခြင်းအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်———-

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး မေ ၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် မေလ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမို ဖွံဖြိုး တိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာအုပ်စု၌ ဦးမင်းလွင်၏ ဥစားဘဲကောင်ရေ(၂၀၀၀)အား သဘာဝလယ်ကွင်းအစာဖြင့် မွေးမြူထားရှိမှုနှင့် အသားစား ကြက်ကောင်ရေ(၄၀၀၀) မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝအစားအစာဖြင့် မွေးမြူနိုင် မှသာ အသား/ဥ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်မှာဖြစ်၍ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ကိုယ်တိုင် မွေးမြူရေး အစာပြုလုပ်၍  မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် မွေးမြူရေးလုပ်ငန်းရှင် ဦးဂျေး၏ ဒေသဆိတ်ကောင်ရေ (၁၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး သဘာဝရိုးချောင်းများရှိခြင်း၊ ဗေဒါပင်များ ပေါများခြင်း တို့ကြောင့် …

Read More »