ပဲခူး မေ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက် ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စက်ရုံ/အလုပ်ရုံမှ တာဝန်ရှိ သူများက ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ဒဏ်ကြောင့် အသက် ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူပြည်သူအပေါင်းအတွက် တစ်မိနစ်ငြိမ်သက်ဆုတောင်းပေးခြင်းအား ပြုလုပ်ခဲ့ ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်အဆက်ဆက်မှာ မီးသတ်တပ်ဖွဲ့ ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အကျိုးပြုနေတဲ့ လေးစား …
Read More »Daily Archives: May 5, 2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသုံးကုန်နှင့် စားသုံးကုန်မျိုးစုံများအား ရွေ့လျားမော်တော်ယာဉ်ကြီးဖြင့် ရောင်းချပေးလျက်ရှိ
ပဲခူး မေ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက် MSME ဒေသထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံများ အား မေလ(၅)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ရွေ့လျားမော်တော်ယာဉ်ကြီးဖြင့် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီရုံးဝန်းအတွင်း၌ ငလျင်ဘေးဒဏ်သင့်နိုင်ငံ့ဝန်ထမ်းများအား ပဲခူး တိုင်းဒေသကြီးမှ ထွက်ရှိသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME ဒေသထုတ်ကုန်များ၊ လူသုံး ကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေး လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက် MSME ဒေသထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ စုစုပေါင်းအမယ်(၁၅၀)ကျော်အား သက်သာသောနှုန်းထားဖြင့် ဝန်ကြီးဌာနများ၊ ရပ်ကွက်များသို့ နေ့စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)
Read More »