ပြည် ဇွန် ၃ ပြည်မြို့၊ ခေတ္တရာရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက အပတ်စဉ်(၃၁) သူနာပြုသားဖွား သင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ သင်တန်းသား/သူများက “ပျူအက” ဖြင့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း ကျေးလက်အစွန်အဖျားဒေသများအထိ တိုးမြှင့်လွှမ်းခြုံမှုပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သင်တန်းသားများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး သင်တန်းကျောင်းများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုသားဖွားများ၏ကဏ္ဍသည် အလွန်အရေးကြီးပြီး ကျန်းမာရေး …
Read More »Daily Archives: June 3, 2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး
ပန်းတောင်း ဇွန် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့တွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသား/သူ များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအခြေအနေနှင့် ကျောင်းသားနှင့်ဆရာအချိုးတို့အား တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကူးစက်ရောဂါ ဖြစ်ပွါးမှုမရှိစေရေး ကျန်းမာရေးဂရုပြုရန်၊ ယင်လုံ အိမ်သာများ သုံးစွဲရန်နှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆရာ/ ဆရာမများအတွက် သီးခြားဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သာသနိက အဆောက်အဦများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည် ဇွန် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သာသနိက အဆောက်အဦများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ သုံးပန်လှကျေးရွာ၌ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် အနီးရောင်အဆင့်သတ်မှတ်ထား သည့် ရှေးဟောင်းသုံးပန်လှ(၂)ထပ် ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြင်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ရှေးမူလက်ရာမပျက် အလေးထားဆောင်ရွက်ရန်နှင့် တံခါးပေါက်များ၊ လှေခါများအား ခိုင်ခန့် မှုရှိစေရေး သံထောက်တိုင်များ တပ်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် မှော်ဇာကျေးရွာ၊ သရေခေတ္တရာပျူမြို့ဟောင်းရှိ ဘောဘောကြီးစေတီနှင့် လေးမျက်နှာ စေတီတို့ ငလျင်ဒဏ်ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသုတေသနအဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ ပြင်ဆင်သွားရန်၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့၊ မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်
ပေါင်းတည် ဇွန် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဇွန်လ(၁)ရက်နေ့၊ နံနက်ပိုင်းက ပေါင်းတည်မြို့၊ မြို့နယ်ဥပဒေရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးတင်ဆွေနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်တို့က အဆိုပါဥပဒေရုံးရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဥပဒေရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဥပဒေရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ပေါင်းတည်မြို့နယ် ဥပဒေရုံးသစ်သည် ပေါင်းတည်မြို့၊ မင်းကွက်(၃)ရပ်ကွက်၊ ရွှေတည်(၁)ကွက်သစ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးတွင်တည်ရှိပြီး (၃၆ ပေ x ၅၁ ပေ) RC …
Read More »အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲတွက် ဖိတ်ခေါ်ခြင်း
ပဲခူး ဇွန် ၂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်လိုသူများအတွက် ဝင်ခွင့်လျှောက်လွှာ/ ဝန်ခံကတိပြုလွှာ များ သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်- အောက်တွင် အပြည့်အစုံနှိပ်၍ ကြည့်ရှုရန် ဝင်ခွင့်လျှောက်လွှာပုံစံ——————- ဖိတ်ခေါ်စာ———————-
Read More »