Home / 2025 / June / 06

Daily Archives: June 6, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပန်းတောင်းမြို့၌ တောရိုင်းမြေများအား စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် ဖော်ထုတ်၍ မူလပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

ပန်းတောင်း ဇွန် ၆           ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပန်းတောင်းမြို့၌ တောရိုင်းမြေများအား စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် ဖော်ထုတ်၍ မူလပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာရေရိက္ခာဖူလုံစေရေး အတွက် ကျေးလက်ဒေသများအထိ မြေပြင်တိုက်ရိုက်ကွင်းဆင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ပန်းတောင်းမြို့နယ်၌ ဇီးကုန်းချောင်းရိုး တိမ်ကော၍ လွန်ခဲ့သောနှစ်ပေါင်း(၄၀)ကျော်ကတည်းက မစိုက်ပျိုးနိုင်တော့ဘဲ တောရိုင်းမြေအဖြစ် ဖြစ်ပေါ်နေမှုကို သိရှိခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဇီးကုန်းချောင်းရိုး ပေရှည်(၂၁၅၀၀) အား ငွေကျပ်(၈၅)သန်း အကုန်အကျခံ၍ ပြန်လည်တူးဖော်ပေးခြင်း၊ တောရိုင်းမြေ(၄၀)ဧကကိုလည်း …

Read More »

ပန်းတောင်းမြို့၌ “ရတနာရွှေပြည်”စာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပန်းတောင်း ဇွန် ၆           ပန်းတောင်းမြို့၊ ရတနာပုံရပ်ကွက်၌ “ရတနာရွှေပြည် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးတို့က ပန်းတောင်းမြို့ “ရတနာရွှေပြည်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည် ကြည်ခဲ့ကြပြီး သုတ/ရသ စာအုပ်စာဆောင်များနှင့် အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ခဲ့ကာ မျိုးဆက်သစ် လူငယ်များ၊ ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွား၍ အလိမ္မာယဉ်ကျေးသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်၍ လူငယ်များ စာကြည့်တိုက်သို့ လာရောက်စေရေး …

Read More »