Home / 2025 / June / 04

Daily Archives: June 4, 2025

တိုင်းဒေသကြီးအတွင်း ကျောင်းနေရွယ်ကလေးအားလုံး အနည်းဆုံး မဖြစ်မနေ(KG+9)အထိ တက်ရောက် သင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး ဇွန် ၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှု အခြေအနေနှင့်ပတ်သက်၍ ခရိုင်/တိုင်းဒေသကြီး ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်အား ယနေ့လူငယ် များမှ ပုခုံးပြောင်းတာဝန်ယူကြရမှာဖြစ်၍ ပညာရေးနှင့် စာတတ်မြောက်ရေးသည် နိုင်ငံတော်အတွက် အလွန်ရေးကြီးသည့် အခန်းကဏ္ဍတစ်ခုပင်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရမှ ကျောင်းနေရွယ်ကလေးအားလုံး အနည်းဆုံး မဖြစ်မနေ(KG+9)အထိ အခမဲ့ပညာသင်ကြားနိုင်ရေး  ဘက်ပေါင်းစုံ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရာနှုန်းပြည့် ကျောင်းအပ်နှံရေးနှင့် ဇူလိုင် လကုန်အထိ ကျောင်းအပ်လက်ခံပေးသွားမည်ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ အသက်မွေးပညာရပ်များ ဖွင့်လှစ်သင်ကြား ပေးနေသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်းများတွင်လည်း သင်ထောက်ကူ …

Read More »