ပဲခူး ဇွန် ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူသားများသည် လူ့သဘာဝဆန္ဒဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လိုမှု၊ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အသုံးအဆောင်ပစ္စည်း များ ပိုမိုကောင်းမွန်အောင် တီထွင်ထုတ်လုပ်လာခြင်းနှင့်အတူ အမှန်တကယ် လိုအပ်ချက်အပြင် အနာဂတ် တွင် လိုအပ်နိုင်သည်ဟု ယူဆတွေးတောမိသော အသုံးအဆောင်ပစ္စည်းများကို ရယူထားလိုခြင်းကြောင့် စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့်အတူ သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာကြကြောင်း၊ သဘာဝအရင်းအမြစ်များ လိုအပ်သည်ထက် ပိုမိုသုံးစွဲလာခြင်းနှင့်အတူ လူတို့၏ မဆင်မခြင်သုံးစွဲစွန့်ပစ်မှုကြောင့် ပလတ်စတစ် ညစ်ညမ်းမှုကိစ္စရပ်ဖြစ်ပေါ်လာရကြောင်း၊ ပလတ်စတစ်သုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးခြင်း တို့ကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မှီတင်းနေထိုင်သည့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website