ပဲခူး ဇွန် ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဇွန်လ(၉)ရက် နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့စာဖြေဌာန၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ဖူးမြှော် ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် စာမေးပွဲ ကြီးကြပ်နာယကဆရာတော်ကြီးများအား ဖူးမြှော်ကန်တော့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ နဝကမ္မအလှူငွေနှင့် အအေးဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးမျာသည် စာမေးပွဲဖြေဆိုကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား အအေးဗူးများ လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပဲခူးမြို့ စာဖြေဌာနတွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအား ဇွန်လ(၂)ရက်နေ့မှ ဇွန်လ(၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာနှင့် သီလရှင် (၃၃၈)ပါးရှိကြောင်း သတင်းရရှိသည်။
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website