Home / 2025 / June / 10

Daily Archives: June 10, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၀           ပဲခူးမြို့၊ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်သမားများ ပေါ်ထွက်လာစေရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ပေးခဲ့သည်။           ရှေးဦးစွာ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၄၀၀)(၄)ယောက်တွဲ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ စည်စည်ကားကား ကြည့်ရှု့အားပေးကြသည်။           ယင်းနောက် အမျိုးသားမီတာ(၈၀၀)ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၄၀၀)ပြိုင်၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး  မီတာ(၁၀၀)(၄)ယောက်တွဲပြိုင်ပွဲ၊ …

Read More »