ပဲခူး ဇွန် ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား ပဲခူးမြို့၌ ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်သည့် အမှိုက်ခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာ ပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား သွားရောက်၍ ကျောင်းသား/သူများ အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျ အမှိုက်ခွဲခြား စွန့်ပစ်သည့် ကျောင်းသား/သူများအား စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့ သည်။ ထို့နောက် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့မဈေးကြီးအတွင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲအား …
Read More »