Home / 2025 / June / 14

Daily Archives: June 14, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဇွန် ၁၄      အလားအလာရှိသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ဖော်ထုတ် လေ့ကျင့်ပေးနိုင်ရေးနှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား(၆)ခရိုင်၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် ဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများက ပဲခူးခရိုင် အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ သာယာဝတီခရိုင် အသင်းက (၂:၀)ဂိုးဖြင့် အနိုင်ရရှိသွားသည်။          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် နေရာအလိုက် (အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ …

Read More »