Home / 2025 / June / 16

Daily Archives: June 16, 2025

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ

အုတ်တွင်း ဇွန် ၁၆           နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန် အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။           ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ်(၁၄/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်း ကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့်  သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ …

Read More »