ပဲခူး ဇွန် ၁၇ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်ကူးဈေးတံတားအနီး၌ ဇွန်လ(၁၇)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ရေဘးကယ်ဆယ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ယာယီမဏ္ဍပ်သို့ ရောက်ရှိလာရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မြစ်ချောင်းအနီးရှိ နေထိုင်သူများအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုသတိပေးချက်အား စက်လှေများဖြင့် ရေဘေး ခိုလှုံရာစခန်းသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး လိုက်လံအသိပေးနိုးဆော်ခဲ့ကြသည်။ ထို့နောက် ရေဝင်ရောက်သည့် ရပ်ကွက်များမှ ပြည်သူများအား ရေဘေးလွတ်ရာသို့ တာဝန်ရှိသူ များက မြေပြင်မှ ပြောင်းရွေ့ပေးခြင်း၊ ရေပြင်မှ အသက်ကယ်လှေများဖြင့် ကူညီပြောင်းရွေ့ ပေးခြင်းတို့ အား သရုပ်ပြသခဲ့ကြသည်။ …
Read More »Daily Archives: June 17, 2025
တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့်နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦ များတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်
တောင်ငူ ဇွန် ၁၇ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဇွန်လ(၁၆)ရက်နေ့၊နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း မြေငလျင်ဒဏ် ကြောင့် နေအိမ်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေလ(၂၈)ရက်နေ့တွင် လှုပ်ခတ် ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း သေဆုံးသူ(၄၄)ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ(၂၄၃) ဦး၊ လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၉၇)လုံးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ(၂၅)ခ ရှိခဲ့ကြောင်း၊ တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၈၉)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂၂)ခုရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြေငလျင်ဒဏ်ကြောင့် သေဆုံးသူ(၄၄)ဦးအတွက် အမျိုးသား သဘာဝဘေးကော်မတီမှ ထောက်ပံ့ငွေကျပ်(၃)သိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၁၀)သိန်း နှုန်းဖြင့်လည်းကောင်း၊ ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင်(၅)သောင်းနှုန်းဖြင့်လည်းကောင်း၊ လုံးဝ ပျက်စီးနေအိမ်(၉၇)လုံးအတွက် တစ်အိမ်လျှင်ငွေကျပ်(၃၅)သိန်းနှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေး လျက်ရှိပြီး …
Read More »