Home / 2025 / June / 19

Daily Archives: June 19, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ကစားနေမှု့အား ကြည့်ရှု့အားပေး

ပဲခူး ဇွန် ၁၉       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက အစိုးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ အားကစားဥယျာဉ် မိုးလုံလေလုံခန်းမ၌ ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အမျိုးသား၊အမျိုးသမီး ဝိတ်တန်းအလိုက် ရှုံးထွက်အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် ရှုံးထွက် အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြများ၊ ဒိုင်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိစေရေးနှင့် ရပ်ကွက်/ကျေးရွာများမှ အားကစားဝါသနာရှင်များ လာရောက်အားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုအားကစားသမားများမှ ယနေ့တွင် ရှုံးထွက်အတိုက် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှု ရှိစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

ပဲခူး ဇွန် ၁၉           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး ကွင်းဆင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့သည် ဒိုက်ဦး မြို့နယ်၊ ရွှေဖြူရတနာ ရာဘာခြံသို့ ရောက်ရှိခဲ့ပြီး ရာဘာခြံများအတွင်း ရိုဘက်စတာ ကော်ဖီသီးညှပ် တိုးချဲ့စိုက်ပျိုးနိုင်ရေး ပျိုးပင်ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး က ရိုဘက်စတာကော်ဖီ စိုက်ပျိုးရမည့် နည်းလမ်းပညာများ၊ ဈေးကွက်ဝင်မှု အခြေအနေများနှင့် ပဲခူးမြို့ နယ်ရှိ ရာဘာခြံများတွင် ရိုဘက်စတာကော်ဖီ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ရာဘာစိုက်ကုမ္ပဏီများ၊ ရာဘာစိုက်တောင်သူများနှင့် …

Read More »