ပဲခူး ဇွန် ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာနှင့်သီလရှင်များ၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျေင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသီရိန္ဒအရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website