Home / 2025 / June / 21

Daily Archives: June 21, 2025

ပဲခူးမြို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၁           ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ ညနေပိုင်းအချိန်က ပဲခူးမြို့ အားကစား ဥယျာဉ် မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ အမျိုးသား(-၅၀)ကီလိုတန်း၊ အမျိုးသမီး(-၄၅)ကီလိုတန်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဂျူဒိုအားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြ သည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား(-၃၈)ကီလိုတန်း၊ အမျိုးသမီး  (-၃၈) ကီလိုတန်းတို့တွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများ၊ အမျိုးသား”ခတ”ပြိုင်ပွဲ၊ အမျိုးသမီး”ခတ” ပြိုင်ပွဲတို့တွင် …

Read More »