ပဲခူး ဇွန် ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် မွေးမြူရေးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု အားပေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ အုပ်စု၌ ဒေသခံမိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက် ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန်ပြည့်စုံစေရေးနှင့် မိရိုးဖလာလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ မဖြစ်မနေ ပြောင်းလဲဆောင်ရွက်သွားနိုင်ရေး အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ ပြီး မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဦးလွင်ဦး၏ လယ်မြေ(၁၀)ဧကအတွင်း ပဲခူးမြို့၊ Agro Future Myanmar Co., Ltd မှ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website