Home / 2025 / June / 26

Daily Archives: June 26, 2025

(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၂၆           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား  ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့် ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူနေမှုဘဝများကို ဆိုးရွားစွာထိခိုက်နစ်နာစေသည့် ဘက်ပေါင်းစုံမှ စိတ်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဘိန်း/ဘိန်းဖြူစတဲ့ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုမရှိ သော်လည်း ဖြတ်သန်းသယ်ဆောင်မှုများရှိနေသဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့အထိ အမှုပေါင်း(၃၄၉)မှု၊ တရားခံ ကျား/မ(၅၀၃)ဦး၊ စိတ်ကြွရူးသွပ်ဆေးပြား(၁၉.၉၂၃)သန်း၊ …

Read More »