Home / 2025 / June / 27

Daily Archives: June 27, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ(၂၇)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီ စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုး ရာသီ သီးနှံများ သတ်မှတ်လျာထားဧကအတိုင်း အပြည့်အဝစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာမှသာ တောင်သူများအတွက် ဝင်ငွေတိုးတက်လာမှာဖြစ်ကာ သွင်းအားစု သက်သာစေရေးနှင့် မြေဆီဩဇာကြွယ်ဝစေရေး သဘာဝမြေဩဇာသုံးစွဲခြင်း၊ ပိုက်ဆံလျှော်(သို့မဟုတ်) ပဲမျိုးရင်းဝင်တစ်မျိုးမျိုးကို ကြားသီးနှံအဖြစ် စိုက်ပျိုးရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေကြီး နစ်မြှုပ်နိုင်သည့် ဒေသများတွင် ပျိုးအရံနှင့် မျိုးအရံကြိုတင်ထားရှိရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံဖြစ် ဖြစ်သော …

Read More »