Home / 2025 / June / 28

Daily Archives: June 28, 2025

ကဝမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများ  ကွင်းဆင်းဆေးကုသပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု့အားပေး

ပဲခူး ဇွန် ၂၈           ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေး ဝန်ထမ်းများသည် ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းက  ကဝမြို့နယ်၊ အုန်းနှဲတိုက်နယ်ဆေးသို့သွားရောက်၍ ကဝမြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုပြုလုပ်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများက ရဟန်း ၊ရှင်၊ လူပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဆေးကုသမှု လာရောက်ခံယူနေကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။      ဆေးကုသမှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့၊ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်ဦးဆောင်သော ဖျားနာ၊ …

Read More »