ပဲခူး နိုဝင်ဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၆)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူ တို့သည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူ နေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုတို့အား လိုက်လံကြည့်ရှုခဲ့ပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စေတနာ၊ မေတ္တာ၊ ဂရုဏာထား၍ …
Read More »Monthly Archives: November 2025
ပဲခူးမြို့၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက (၃၆)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ မူလတန်းကြို(၂)မှ သားငယ်/သမီးငယ်လေးများက “ပြည်ထောင်စုကြီး ထာဝရ တည်တံ့စေသား” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ်များဟာ အနာဂတ်ကို ပုံဖော်ထုဆစ်မည့်သူများဖြစ်၍ နည်းမှန်လမ်းမှန်ဖြင့် ငယ်စဉ်ကတည်းက စနစ်တကျပြုစုစောင့်ရှောက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ကလေးသူငယ်များကို နိုင်ငံတော်က အားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ကြီးပြင်းလာစေရန်အတွက် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင် ဆောင်ရွက်ခွင့်တို့ကို အပြည့်အဝရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ကလေးသူငယ် များအတွက် ကျန်းမာရေးဆိုင်ရာအခွင့်အရေး၊ ပညာရေးဆိုင်ရာအခွင့်အရေး၊ ကလေးလူငယ်များ …
Read More »ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးသည် တိုင်းပြည်အတွက် အလွန်အရေးပါပြီး မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတကာ အေးချမ်းလုံခြုံစွာ ပြည်သူများ မဲပေးနိုင်ရေးကိုလည်း ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် မဲဆန္ဒရှင်ပြည်သူတိုင်း မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင်ပါရှိနိုင်ရေး အထူး အလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ လူပုဂ္ဂိုလ် လုံခြုံရေး၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ၏ လုံခြုံရေး၊ မဲရုံလုံခြုံရေးများကိုလည်း ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မဲရုံတည်ဆောက်မည့် နေရာများအား သက်ဆိုင်ရာတာဝန် ရှိသူများက …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကျိုက်ပဒိုင်လေးကျေးရွာရှိ ရွှေတိဂုံလေးစေတီတော်မြတ်ကြီး၌ ထုံးသင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေတိဂုံလေးစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်အား သွားရောက် ဖူးမြှော်၍ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ မုက္ကလ ကျေးရွာ၌ ရွာအဝင်ကုန်ထုတ်လမ်း ယခင်မြေသားလမ်း အရှည်(၇)ဖာလုံ၊ အကျယ်(၁၂)ပေအား ဂဝံလမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာ၌ အရိပ်ရသော သီးပင်စားပင်များ စိုက်ပျိုးသွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ပဈေးကွက်ရှိပြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်သာယာစေရေး ကွင်းဆင်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်သာယာစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၌ နှစ်စဉ် ရေဝင်ရောက်သည့် ကျောက်ကြီးစုရပ် ကွက်အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၇၇၆.၈)သန်းဖြင့် School Cam Shelter (၁၃၀x၃၀) ပေ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးကျရောက်လာပါကပြည်သူများအရေးပေါ်ခိုလှုံရန်အတွက်းလည်းကောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ သာမန်အချိန်တွင်း စာသင်ကျောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်တည်ဆောက်ပေးခြင်းဖြစ်၍ ကျား/မသန့်စင်ခန်းများ စနစ်တကျတည်ဆောက်ရန်၊ မသန်စွမ်းသူများပါ အသုံးပြုနိုင်ရေး ထည့်သွင်းတည်ဆောက်ရန်၊ ရေသန့်စနစ်တပ်ဆင်ရန်နှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဘောဿာဒီနန်းတော်ရာအတွင်းရှိ အဆောက်အဦးများ ဘက်စုံအဆင့်မြှင့်တင်နေမှုနှင့် မြေယာရှုခင်းအလှ ဆောင်ရွက်နေမှုတို့အား …
Read More »ရာသီဥတု အခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် ပဲခူးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ရာသီဥတုအခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည့်နိုဝင်ဘာလ(၁၄)ရက်နေ့၊ ညပိုင်းအချိန်က ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်အားပေး ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အထိမ်းအမှတ်အရုပ်များ၊ သင်္ကေတများ၊ စာတမ်းများပါရှိသည့် စိန်နားပန်မီးပုံးကြီးများနှင့် ရောင်စုံမီးပုံးပျံအသေးများ လွှတ်တင်ပူဇော်နေမှု၊ မီးရှူး မီးပန်းများ ပစ်ဖောက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေမှုအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့သည် နိုင်ငံကျော် အဆိုတော်/ သရုပ်ဆောင်များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေတင်ဆက်မှုအား ပြည်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ပြီး တန်ဆောင်တိုင်ပွဲတော် …
Read More »ပဲခူးမြို့၌ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်”သီချင်း ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တာဝန်ရှိသူများက (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ၊ အလယ်တန်းအဆင့် …
Read More »(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပဒေသာကပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပဒေသာကပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။ ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာသံစုံတီးဝိုင်းဖြင့် Grade 12 ကျောင်းသား/သူများက “ကျောင်းသီချင်း”ဖြင့်လည်းကောင်း၊ Grade 10 ကျောင်းသား/သူများက “အမျိုးသား နေ့ကြွေးကြော်သံ”သီချင်းဖြင့်လည်းကောင်း၊ Grade 8 ကျောင်းသူ မအိမြတ်ချယ်က “စကားဝါမြေ”သီချင်း ဖြင့်လည်းကောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရွှေတံဆိပ်သုံးဆုရှင် တေးသံရှင် မဧကရီအောင်က “တောသူအချစ်” သီချင်းဖြင့်လည်းကောင်း၊ Grade 9 ကျောင်းသူ မမေဘုန်းမြတ်က “ပန်းရည်ဘဏ်တိုက်” သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တီးခတ်သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက် မည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၃) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့(B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့် အခမ်း အနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သွားရောက်ပညာသင်ကြားရမည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုလျက် တိုင်းရင်းသားများ စုပေါင်းပြီး တစ်နေရာတည်းပညာသင်ယူနိုင်ရေး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်၍ မိမိတို့လူမျိုးများ၏ ယဉ်ကျေးမှု၊ …
Read More »ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၁၂ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ တောင်သူများအတွက် စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) ချီးမြှင့်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စပါးသီးနှံအပါ အဝင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုး ချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်ရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် “မျိုး၊ မြေ၊ ရေ၊ နည်း” ပြောင်းလဲဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အဓိကသီးနှံ(၁၃)မျိုးတွင် နွေစပါးအပါအဝင် သီးနှံ(၇)မျိုး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိပြီဖြစ်ကာ ရေကြီး ရေနက်ကွင်းများကိုလည်း ရေတော်မိုးတော်လယ်မြေအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး ရေကြောင်းရှင်းလင်း ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေမြေဒေသအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် မျိုးကောင်းမျိုးသန့်များ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website