ပြည် နိုဝင်ဘာ ၁ ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မြန်မာပြည်(ပထမ)ဗုဒ္ဓမြတ်စွယ်တော် (၁၂၆)ကြိမ်မြောက်ပူဇော်မှု မင်္ဂလာအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြတ်စွယ်တော်တိုက်အတွင်း ရှိ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်သည့် ပတ္တမြားစေတီအား မင်္ဂလာမဏ္ဍပ်အတွင်းရှိ ယာယီပလ္လင် တော်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက မြတ်စွယ်တော်တိုက်အတွင်းရှိ မူလကြေးစေတီတော်၊ ရွှေကလပ်တော်၊ ရွှေစန္ဒကူးကြုတ်တော်နှင့် စိန်စေတီတော်တို့အား မင်္ဂလာမဏ္ဍပ်အတွင်းရှိ ယာယီပလ္လင်တော်ပေါ်သို့ အသီးသီးပင့်ဆောင်ပေးခဲ့ကြ သည်။ ထို့နောက် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံ မင်္ဂလာအခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ကြပြီး လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ ဘန္တဒ္ဒကုမာရ …
Read More »Daily Archives: November 1, 2025
ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ တောင်ဘက်စောင်းတန်းအသစ်ဖွင့်လှစ်ခြင်း နှင့် စက်လှေကားအသစ်ဖွင့်လှစ်ခြင်း ကုသိုလ်ပြုရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပြည် နိုဝင်ဘာ ၁ ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ယမန်နေ့၊ နံနက်ပိုင်းက တောင်ဘက် စောင်းတန်းအသစ်ဖွင့်လှစ်ခြင်းနှင့် စက်လှေကားအသစ်ဖွင့်လှစ်ခြင်း ကုသိုလ်ပြု ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်း အသစ်နှင့် စက်လှေကားအသစ် ဖွင့်ပွဲအခမ်းအနားအား သဲဖြူမဟာမြိုင်ဆရာတော်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးနှင့် ရွှေဆံတော်ဂေါပက အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းအသစ်နှင့် စက်လှေကားအသစ်တို့အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ “ပုညကရဏ”လေးထပ်ဓမ္မာရုံကြီး၌ ရေစက်ချမင်္ဂလာအခမ်းအနားအား“နမောတဿ” သုံးကြိမ်ရွတ်ဆို၍ စတင်ခဲ့ကြပြီး လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဘန္တဒ္ဒကုမာရ ဆရာတော်ကြီးထံမှ ဝန်ကြီးချုပ်နှင့်ဇနီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေး
သာယာဝတီ အောက်တိုဘာ ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း)စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင် ကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်ရိုစီဖြူ၏ စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier 400 KW ဖြင့် စပါးခွံလောင်စာတောင့်ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စပါးခွံအား ထင်းအစားထိုး တန်ဖိုးမြှင့် လောင်စာထောင့် ထုတ်လုပ်ခြင်းအား အားပေးမြှင့်တင်ရန်နှင့် ဒေသတွင်းသာမက ပြည်ပပို့အဆင့်ထိ တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့စည်။ ၎င်းနောက် တစ်ရက် တန် ၆၀ ကျ ဆန်စက် အား ကြည့်ရှုအားပေးခဲ့ပြီး Solar စနစ်ဖြင့် ဆန်စက်များလည်ပတ်ဆောင်ရွက်ရန်၊ မြို့နယ်အလိုက် ပြည်ပ ပို့ကုန်စျေးကွက်ရှိပြီးတန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website