ပဲခူး နိုဝင်ဘာ ၂ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ပန္နရသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနှင့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။ ထို့နောက် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ …
Read More »Daily Archives: November 2, 2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နတ်တလင်းမြို့၊ “ရွှေလင်း”ခန်းမဘက်စုံအဆင့်မြှင့်တင် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ ၎င်းနောက် ဇီးကုန်းမြို့မဈေးသို့ သွားရောက်၍ ဈေးအတွင်း ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သတ်မှတ်ထားသည့် လျှောက်လမ်းဧရိယာအတိုင်း ကျူးကျော်ဈေးရောင်းချ မှုမရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကုန်စိမ်းဈေးတန်းနှင့် သားငါးဈေးတန်းတို့အတွက် ဈေးရုံအသစ်တစ်ခု အမြန်ဆုံးတည်ဆောက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊ ဓနတိုးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး နိုဝင်ဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မြကန်သာရပ်ကွက်အတွင်း နှစ်စဉ်ရေကြီးနစ်မြှုပ်မှု လျော့နည်းစေရေးအတွက် အုတ်ရေမြောင်းပြုလုပ်ရန်၊ အုတ်ရေမြောင်းနှင့် တစ်ဆက်တည်း ကွန်ကရစ်လမ်းခင်းပေးရန်၊ လမ်းဧရိယာနှင့်မလွတ်ကင်းသည့်လမ်းမီးတိုင်များ နေရာပြောင်း ရွှေ့ရန်နှင့် အနောက်နန်း ကန်တော်အား ပြန်လည်အဆင့်မြှင့်တင်ဖော်ထုတ်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပွင့်လှသိမ်ကုန်းရပ်ကွက်အတွင်းရှိ အများပြည်သူအဓိကအသုံးပြုနေရသည့် ပွင့်လှသိမ်ကုန်း မြေသားလမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရာသီမရွေးသွားလာနိုင်ရေးအတွက် ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန်၊ လမ်းပုခုံးသားများ အမာခံရရှိအောင် ဆောင်ရွက်ရန်၊ လမ်းဧရိယာအတွင်း ရေဝပ်မှု မရှိစေရေး ရေမြောင်းထည့်သွင်းဆောင်ရွက်ရန်နှင့် လမ်းမီးတိုင်များ မီးလင်းစေရေးကွင်းဆင်းစိစစ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website