ပဲခူး နိုဝင်ဘာ ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲအား ယမန်နေ့၊ ညပိုင်းက ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်းသို့ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၊ တိုင်းရင်းသား/သူများက ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ အလှမီးအိမ်များဖြင့် မီးစင်္ကြာလှည့်လည်၍ ပူဇော်ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အခမ်းနားပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ပဲခူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် မြို့မိ/မြို့ဖ ဦးဝင်းနိုင်တို့က တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website