ပဲခူး နိုဝင်ဘာ ၈ ပဲခူးမြို့၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ရန်ငြိမ်းအေးခန်းမ၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများအတွက် စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန် သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်စေရေးနှင့် အသေးစား MSMEs လုပ်ငန်းများ တိုးတက်လာစေရေး သက်မွေးနည်းပညာသင်တန်းများကို အရှိန်အဟုန်မြှင့် ဒေသအစုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပေးခဲ့သည့် စက်ချုပ်နည်းပညာ သင်တန်း၊ စားသောက်ကုန်ပြုလုပ်ခြင်း နည်းပညာသင်တန်းနှင့် လူသုံးကုန်ပြုလုပ်ခြင်း နည်းပညာသင်တန်း များ ဖွင့်လှစ်ပေးနိုင်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများအတွက် တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းအပြင် ကိုယ်ပိုင်လုပ်ငန်း ငယ်များ ထူထောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ချက်ချင်းရရှိတော့မှာဖြစ်ကြောင်း၊ သင်တန်းအလိုက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website