ပဲခူး နိုဝင်ဘာ ၉ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ကျန်းမာရေးဝန်ထမ်း များသည် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ အင်းတကော်မြို့ ကျေးလက်ကျန်းမာရေးဌာန သို့သွားရောက်၍ ရဟန်း၊ရှင်၊လူ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ပဲခူးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အတူ ဆေးကုသမှုလာ ရောက်ခံယူကြသည့် ပြည်သူများအား အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက် ဆေးကုသပေးနေမှု့အား လိုက်လံကြည့်ရှုအားပေးပြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website