ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပဒေသာကပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။ ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာသံစုံတီးဝိုင်းဖြင့် Grade 12 ကျောင်းသား/သူများက “ကျောင်းသီချင်း”ဖြင့်လည်းကောင်း၊ Grade 10 ကျောင်းသား/သူများက “အမျိုးသား နေ့ကြွေးကြော်သံ”သီချင်းဖြင့်လည်းကောင်း၊ Grade 8 ကျောင်းသူ မအိမြတ်ချယ်က “စကားဝါမြေ”သီချင်း ဖြင့်လည်းကောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရွှေတံဆိပ်သုံးဆုရှင် တေးသံရှင် မဧကရီအောင်က “တောသူအချစ်” သီချင်းဖြင့်လည်းကောင်း၊ Grade 9 ကျောင်းသူ မမေဘုန်းမြတ်က “ပန်းရည်ဘဏ်တိုက်” သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တီးခတ်သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် …
Read More »Daily Archives: November 13, 2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက် မည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်
ပဲခူး နိုဝင်ဘာ ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၃) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့(B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့် အခမ်း အနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သွားရောက်ပညာသင်ကြားရမည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုလျက် တိုင်းရင်းသားများ စုပေါင်းပြီး တစ်နေရာတည်းပညာသင်ယူနိုင်ရေး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်၍ မိမိတို့လူမျိုးများ၏ ယဉ်ကျေးမှု၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website