ပဲခူး နိုဝင်ဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ကျိုက်ပဒိုင်လေးကျေးရွာရှိ ရွှေတိဂုံလေးစေတီတော်မြတ်ကြီး၌ ထုံးသင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေတိဂုံလေးစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်အား သွားရောက် ဖူးမြှော်၍ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ မုက္ကလ ကျေးရွာ၌ ရွာအဝင်ကုန်ထုတ်လမ်း ယခင်မြေသားလမ်း အရှည်(၇)ဖာလုံ၊ အကျယ်(၁၂)ပေအား ဂဝံလမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာ၌ အရိပ်ရသော သီးပင်စားပင်များ စိုက်ပျိုးသွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်ပဈေးကွက်ရှိပြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website