Home / 2025 / November / 19

Daily Archives: November 19, 2025

ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၉              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးသည် တိုင်းပြည်အတွက် အလွန်အရေးပါပြီး မဖြစ်မနေ အောင်မြင်အောင်ဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတကာ အေးချမ်းလုံခြုံစွာ ပြည်သူများ မဲပေးနိုင်ရေးကိုလည်း ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် မဲဆန္ဒရှင်ပြည်သူတိုင်း မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင်ပါရှိနိုင်ရေး အထူး အလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ လူပုဂ္ဂိုလ် လုံခြုံရေး၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ၏ လုံခြုံရေး၊ မဲရုံလုံခြုံရေးများကိုလည်း ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မဲရုံတည်ဆောက်မည့် နေရာများအား သက်ဆိုင်ရာတာဝန် ရှိသူများက …

Read More »