ပဲခူး နိုဝင်ဘာ ၂၀ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက (၃၆)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ မူလတန်းကြို(၂)မှ သားငယ်/သမီးငယ်လေးများက “ပြည်ထောင်စုကြီး ထာဝရ တည်တံ့စေသား” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ်များဟာ အနာဂတ်ကို ပုံဖော်ထုဆစ်မည့်သူများဖြစ်၍ နည်းမှန်လမ်းမှန်ဖြင့် ငယ်စဉ်ကတည်းက စနစ်တကျပြုစုစောင့်ရှောက်သွားဖို့ လိုအပ်မှာဖြစ်ကြောင်း၊ ကလေးသူငယ်များကို နိုင်ငံတော်က အားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ကြီးပြင်းလာစေရန်အတွက် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင် ဆောင်ရွက်ခွင့်တို့ကို အပြည့်အဝရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ကလေးသူငယ် များအတွက် ကျန်းမာရေးဆိုင်ရာအခွင့်အရေး၊ ပညာရေးဆိုင်ရာအခွင့်အရေး၊ ကလေးလူငယ်များ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website