Home / 2025 / November / 22

Daily Archives: November 22, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်း ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် စပါး(၂)သီးစိုက်လယ်မြေများတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများ ဇုန်အလိုက်ဖော်ဆောင်စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်စေရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသလို ခိုင်မာသည့်ဈေးကွက်ရရှိရေးကိုလည်း ဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍ ဒေသထွက်အစားအစာများဖြင့် မွေးမြူနိုင်သည့် ဒေသဝက်၊ ဒေသကြက်နှင့် ဒေသနွားများအား လအလိုက်ချမှတ်ထားသည့် စီမံချက်ပါအတိုင်း မွေးမြူသွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိရေးနှင့် မိသားစုဝင်ငွေတိုးတက်ရရှိရေး သက်မွေးနည်းပညာသင်တန်းများ တိုးချဲ့ …

Read More »