Home / 2025 / November / 25

Daily Archives: November 25, 2025

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး နိုဝင်ဘာ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူး မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်)သို့ ရောက်ရှိခဲ့ပြီး “ရာဘာနှင့်ကြားသီးနှံစိုက်ခင်း” ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)နှင့် ကိုကိုးသီးနှံ ပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကော်ဖီပျိုးပင်အား စိုက်ပျိုးပေးခဲ့ကာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်တို့မှ နှစ်ရှည်သီးနှံစိုက်ပျိုးသည့် ခြံပိုင်ရှင်များခေါ်ယူ၍ အသိပညာ ပေးရန်၊ ကော်ဖီပျိုးပင်များ ဖြန့်ဝေပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး နိုင်ငံအသီးသီးမှ စိုက်ပျိုး လျက်ရှိသည့် စက်မှုကုန်ကြမ်း သီးနှံရာဘာပင်များအား မျိုးကိုင်းပွားနည်းဖြင့် မျိုးထိန်းသိမ်း စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ရှင်းလင်းဆောင်၌ ခြံတာဝန်ခံဦးတင့်လွင်ဦးက …

Read More »