Home / 2025 / November / 27

Daily Archives: November 27, 2025

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကွင်းဆင်းစစ်ဆေး

သာယာဝတီ နိုဝင်ဘာ ၂၇            ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ဗေဒင်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်ကြေညာမှုအား အများပြည်သူစိတ်ဝင်တစား လာရောက်ကြည့်ရှုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မဲစာရင်းလာရောက်ကြည့်ရှုကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။              ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နတ်တလင်းခရိုင်၊ ဇီးကုန်း စျေးအတွင်း ယခင်ပျံကျသားငါးစျေးရုံးအား တိုင်းဒေသကြီးအစိုးရအဖွဲ့  ခွင့်ပြုရန်ပုံငွေကျပ်(၁၁၅.၂)သန်း ဖြင့် အရှည်(၉၆)ပေ၊ အကျယ်(၄၀)ပေ၊ အမြင့် (၁၂)ပေရှိ ဆိုင်ခန်း(၉၀)ခန်းပါ စျေးရုံအသစ် တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စျေးရုံများအလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ မြို့လယ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ …

Read More »