Home / 2025 / November / 28

Daily Archives: November 28, 2025

ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၈           ပဲခူးမြို့၌ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲ အခမ်းအနားအား နိုဝင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ရောက်ရှိလာခဲ့ရာ ဘင်ခရာအဖွဲ့နှင့် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာမှ ကရင်တိုင်းရင်းသား/သူများက ကရင်ဒုံးယိမ်းအက ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တွင်းလမ်းပိုင်းများတွင် ယာဉ်ကြောရှုပ်ထွေးကြပ်တည်းမှုမဖြစ်စေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းပြီး စိတ်အေး ချမ်းသာစွာဖြင့် ဆက်သွယ်သွားလာနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် စတင်၍ ယခုလမ်းကို စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးမြို့မှ ရန်ကုန်-မန္တလေး အမြန်လမ်းသို့ သွားရာတွင် ဘုရားကြီးမြို့မှ တစ်ဆင့်သွားလာခဲ့ရပြီး ပဲခူးဒေသသည် မိုးများသည့်ဒေသဖြစ်၍ နှစ်စဉ် …

Read More »

ပြည်မြို့၌ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်တို့အတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပပြုလုပ်

ပြည် နိုဝင်ဘာ ၂၈           ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်နှင့် နတ်တလင်း ခရိုင်တို့အတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စပါးသီးနှံအပါအဝင် သီးနှံများစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမို လက်တွေ့ကျတဲ့ သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး ၊ သီးထပ်စွမ်းအားနဲ့ သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စပါးသီးနှံ ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးအတွက် နည်းလမ်းကြံဆဆောင်ရွက်တဲ့နေရာမှာ စိုက်စနစ်မှန်ကန်ရေးက အလွန်အရေးကြီးပြီး တစ်ဧက သတ်မှတ် အပင်ဦးရေ မှန်ကန်၊ ပြည့်မီအောင် စိုက်ပျိုးနိုင်တဲ့ နည်းလမ်းများ ဖြစ်တဲ့ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder)ဖြင့် …

Read More »