Home / Bago Manager ZWL (page 112)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

ပဲခူး ဧပြီ  ၈ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၈)ရက်နေ့၊ နံနက်(၁၁:၄၅)အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၃၅)မိုင်(၅)ဖာလုံ အနီး ဘယ်ဂျီယံနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် Bel Ga Myanmar Co., Ltd ၏ မျိုးကြက်ဥထုတ်လုပ်သည့်စက်ရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ Bel Ga Myanmar Co., Ltd ၏ Farm(2) တည်ဆောက်ရေး ရှင်းလင်းဆောင်၌ မန်နေဂျင်းဒါရိုက်တာ Mr. Ben Cliteur က Farm(1) စက်ရုံလည်ပတ်နေမှုအခြေအနေ၊  Farm(2) စက်ရုံတည်ဆောက်နေမှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ လျှပ်စစ်မီးရရှိရေးနှင့် ကုန်ထုတ်လမ်း လိုအပ်ချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။           …

Read More »

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဧပြီ ၂ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက CDM လုပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မိမိတို့၏ သားသမီးများသဖွယ် နောက်ဆုံးအချိန်အထိ ရုံးတက်ရောက်စေရန် စည်းရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် တစ်ဝက်ရောက်ပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ လျှို့ဝှက်ချက် အက်ဥပဒေကို အထူးလေးစားလိုက်နာရန် မိမိတို့၏ ဝန်ထမ်းများအား အသိပေးပြောထားရန်နှင့် ရုံးပိတ်ရက်များပြားသည့်အတွက် ရုံးဌာနများမီးဘေးလုံခြုံရေးအား ဂရုစိုက်ရန် လမ်းညွန်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် …

Read More »

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူး မတ်  ၃၀ ===================           ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃၀) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း အကျိုးတူပူးပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ရာတွင် နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းများ၊ တောင်သူလယ်သမားများနှင့်  ပုဂ္ဂလိကလုပ်ငန်းရှင်များ (Public,Private,Partnership) တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးတူ ပူးပေါင်းလယ်ယာစိုက်ပျိုးရေးလုပ်ငန်း(Contract Farming System)သည် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ သမားရိုးကျ စိုက်ပျိုးထုတ်လုပ်မှုမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သော ပုဂ္ဂလိက လယ်ယာလုပ်ငန်းကြီးများ ပေါ်ပေါက်လာစေရန်နှင့် အရည် အသွေးပြည့် …

Read More »

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် သုံးသပ်ဆွေးနွေးခြင်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၂၈ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် သုံးသပ်ဆွေးနွေးခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁)၊ ဗိုလ်မှူးကြီးလှမျိုးရွှေ က COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူ လာနိုင်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသော မြန်မာ့စီးပွားရေး အဆောက်အအုံကို အထောက်အကူပြုနိုင်သည့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ စေရေးစီမံချက်(မူကြမ်း)ပေါ် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြုံပြုသုံးသပ်တင်ပြပေးရန် အမှာစကားပြောကြားခဲ့သည်။           ထို့နောက် အတွင်းရေးမှူး ဦးစိုးသိန်းက ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေ၊ နိုင်ငံ့အခြေအနေတို့ကို ထည့်သွင်းစဉ်းစားလျက် ကာလတိုကာလအတွင်း စီးပွားရေးနှင့် သက်ဆိုင် သည့် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ …

Read More »

ပဲခူးမြို့တွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၂၇ ———————————–      ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၁၃၈၂ ခု၊ တပေါင်းလပြည့်၊ မတ်လ (၂၇)ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးပြီး တိုင်းဒေသကြီးအတွင်းမှ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ဆရာတော်များနှင့် သီလရှင်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပေး အပ်ခြင်း အခမ်းအနားကို ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။        ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်များ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး သံဃနာယအဖွဲ့ ဆရာတော်ကြီးများ၊ ဘွဲ့ရဆရာတော်များနှင့် သီလရှင်များ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အမှတ် (၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

ပဲခူး မတ် ၂၄ =================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မတ်လ(၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာခန်းမ၌ မွေးမြူရေးလုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံ လူဦးရေ(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေတောင်သူများဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှသာ ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products)အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းရှင်များအနေဖြင့် ကြိုးစားဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ တင်ပြပေးရန် ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်(၃) ဦးတင်သိန်းနှင့် အတွင်းရေးမှူး ဦးစိုးသိန်းတို့က ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မွေးမြူရေး လုပ်ငန်းရှင်များ၊ အစာစပ်စက်ရုံ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်းကျောင်းအုပ်(မူ/အုပ်)များ စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂၄ =================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်း ကျောင်းအုပ်များ (မူ/အုပ်) စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဆန်းအောင်က အခြေခံပညာ ကျောင်းများရှိ ဆရာ/ဆရာမများ စွမ်းရည်မြှင့်မွန်းမံသင်တန်း ဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အခြေခံပညာမူလတန်းကျောင်းအုပ်များ(မူ/အုပ်) စွမ်းရည်မြှင့် မွန်းမံသင်တန်းသို့ တက်ရောက်နေ သည့် ဆရာကြီး/ဆရာမကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းတက်ရောက် နေသည့် ဆရာကြီး/ဆရာမကြီးများအား အမှတ်တရ မှတ်စုစာအုပ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ်ဆေးရုံတည်ဆောက်နေမှုအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၂၄ =================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ် ဆေးရုံတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ (၆)ထပ်ဆေးရုံ တည်ဆောက်ရေးရှင်းလင်းဆောင်၌ ပဲခူးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ရန်နိုင်မောင်က (၆)ထပ်ဆေးရုံ တည်ဆောက်နေမှု၊ တည်ဆောက်ပြီးစီးပါက ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ အရိုးဆေးကုဌာန၊ မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း ဆေးကုဌာနများ ထားရှိသွားမည့် အခြေအနေများကိုလည်းကောင်း၊ (၆)ထပ်ဆေးရုံ တည်ဆောက်ရေး တာဝန်ခံမှ ဆေးရုံတည်ဆောက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် တည်ဆောက်ရေးလုပ်ငန်းများ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ …

Read More »

မတ်လ(၁၉)ရက်နေ့ သတင်းထုတ်ပြန်ချက်

မတ် ၁၉ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၉-၃-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၄)ခု၌ နိုင်ငံသား(၂၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆)ခု၌ နိုင်ငံသား(၂၀)ဦးပြီး ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄)ခု၌ နိုင်ငံသား(၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၃)ခု၌ နိုင်ငံသား(၁၀၅)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၀၇)ခု၌ နိုင်ငံသား(၄၆၉)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၂၈၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

မတ်လ(၁၈)ရက်နေ့ သတင်းထုတ်ပြန်ချက်

မတ် ၁၈ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၈-၃-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၄)ခု၌ နိုင်ငံသား(၂၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆)ခု၌ နိုင်ငံသား(၂၀)ဦးပြီး ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄)ခု၌ နိုင်ငံသား(၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၃)ခု၌ နိုင်ငံသား(၁၀၉)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၀၇)ခု၌ နိုင်ငံသား(၄၇၃)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၂၈၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »