Home / Bago Manager ZWL (page 22)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး စက်တင်ဘာ ၃၀ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား စက်တင်ဘာ လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်းပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဟံသာဝတီဗုဒ္ဓဂါယာရွှေဂူကြီးဘုရား အဝင်လမ်းနှင့် ဘုရားပုရဝုဏ်တို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေး ခဲ့ပြီး လမ်းဘေးဝဲ/ယာ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးနှင့် အရိပ်ရပင်များစိုက်ပျိုးသွားရန်၊ ရေစီးရေလာ ကောင်းမွန်စေရေး ရှေးယခင် ဘုရားအဝင်မုခ်ဦး ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသွားရန်၊ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ် စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ …

Read More »

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၇ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက် များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များ ဖြစ်၍ တန်ဖိုးရှိသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်၍ မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း၊ ယခင် ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ အားနည်းချက်၊ အားသာ ချက်များကို ပြန်လည်သုံးသပ်ကာ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေးအနေဖြင့် ၂၀၂၃ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်

ပဲခူး စက်တင်ဘာ ၂၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၈) ရက်နေ့ နံနက်ပိုင်းက  ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့် ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် မိုးယွန်းကြီးအင်း(ဘေးမဲ့တော)အတွင်းသို့  ဒေသငါးမျိုးများဖြစ်သော ၂ လက်မအရွယ်ရှိ ငါးပြေမငါးကောင်ရေ (၁)သိန်း၊ ငါးခုံးမငါးကောင်ရေ(၃)သောင်း၊ ငါးဖယ်အောင်းငါးကောင်ရေ(၇)သောင်း စုစုပေါင်းငါးကောင်ရေ (၂)သိန်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝဘေးမဲ့တောများသည် သက်ရှိများ၏ အစာကွင်းဆက် များ ပျက်စီးမှုမရှိစေရေးနှင့် ရေဝေရေလဲဒေသများ ကောင်းမွန်မှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ မိုးယွန်းကြီးအင်း …

Read More »

၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၇ =================           ပဲခူးမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား(၂၈)မြို့နယ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အမျိုးသား(၂)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် ရွှေတောင်အသင်း၊ အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးအသင်းနှင့် အုတ်ဖိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ အခြေခံပညာ ကျောင်းသား/သူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိခဲ့သူ(၃)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးများ ရိတ်သိမ်းနေသည့်အချိန်ဖြစ်၍ အလေအလွင့်နည်းပါးပြီး စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် စနစ်တကျရိတ်သိမ်းရန်လိုအပ်ကာ ရိတ်သိမ်းပြီး မိုးစပါးများ အမိုးအကာအောက် အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် မိုးစပါးရိတ်သိမ်းရာတွင် လိုအပ်သည့် ရိတ်သိမ်းခြွေလှေ့စက်များ လုံလောက်မှုရှိစေရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးစပါး ရိတ်သိမ်းပြီးပါက ဒုတိယသီးနှံဖြစ်သည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများအား အထွက်ကောင်းပြီး ပန်းတိုင် အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ လုံလောက်စွာရရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ အယ်နီညိုရာသီဥတုဖြစ်၍ ဒုတိယသီးနှံ စပါးစိုက်ပျိုးမည့် နေရာများတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက သေချာကွင်းဆင်း၍ စိုက်နည်းစနစ်များ သရုပ်ပြပေးရန်၊ အသိပညာပေးရန်လိုအပ်ပြီး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

သာယာဝတီ စက်တင်ဘာ ၂၄ ===================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ဧရာကျော်ဆန်စက်သို့ ရောက်ရှိခဲ့ပြီး စွန့်ပစ်စပါးခွံသုံးလျှပ်စစ်ဓါတ်အားပေးစက်(Gasifier) (၃၅၀)ကီလိုဝပ်ဖြင့် တစ်ရက်လျှင် တန်(၁၂၀)ကျ ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဆိုးထုတ်စနစ်များ ကောင်းမွန်စေရန်၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ထွက်ရှိလာသည့် စပါးခွံဖွဲများအား လောင်စာတောင့်များ ထုတ်လုပ်သွားရန်နှင့် ဆန်ကြိတ်ခွဲရာမှထွက်ရှိလာသည့် ဆန်ကွဲနှင့် ဖွဲနုများအား တိရစ္ဆာအစာဖြစ် အသုံးပြုနိုင်ရေး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့မှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

သာယာဝတီ စက်တင်ဘာ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ်၊ ဒေါင်းဇွန်ကျေးရွာ၌ သုခမွှေး၊ ရေအနည်းလို-၇၊ ပြည်တော်ရင်၊ ရက်(၉၀)၊ ရတနာတိုး (၈)မျိုး(၁)လီ ရိုရိုး စမ်းသပ်စိုက်ခင်းသို့ ကွင်းဆင်း ကြည့်ရှုခဲ့ပြီး စပါးမျိုးတစ်ခုချင်းအလိုက် ဧကကွက်များဖော်ထုတ်၍ စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ရန်နှင့် ဒေသခံတောင်သူများအား ခေါ်ယူပြသအသိပညာပေးခြင်းများဆောင်ရွက်ရန် တာဝန်ရှိသူ များအားလမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၌ တောင်သူဦးတင်ရွှေ၏ ထိုင်းနှံကောက် ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မိုးစပါးတစ်ဧက လျှင် အစိုတင်း(၁၆၀)ထွက်ရှိကြောင်း သိရှိရပြီး စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ တောင်သူတိုင်း အထွက်နှုန်းကောင်းပြီး ပိုးမွှားဒဏ်ခံနိုင်သည့် သက်လျင်စပါးမျိုးများ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ရေသွင်းရေထုတ်ကောင်းမွန်စေရေး ရေပေးမြောင်းများ …

Read More »

ပြည်ခရိုင်မြို့နယ် စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပြည် စက်တင်ဘာ ၂၂ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာ(၂၁)ရက်နေ့၊ နံနက် ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လစဉ်(၂၁)နေ့ရောက်တိုင်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်းအား ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှု၊ ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးမှုများအား  သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။                 ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့် ဖြန့်ဖြူး ပေးထားသည့် တောင်သူ ဦးဝင်းလှိုင်၏ ဗီယက်နမ်စပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် …

Read More »

၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပန်းတောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် စက်တင်ဘာ ၂၁ ================== ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းအား အောင်မြင်စွာကောက်ယူနိုင်ရေးနှင့် မြေပြင်စာရင်း ကောက်ယူရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အရေးကြီးကြောင်း၊ အဆိုပါ သန်းခေါင်းစာရင်းကောက်ယူနိုင်ရေး စမ်းသပ်သန်းခေါင်စာရင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂)မြို့နယ်၊ စာရင်းကောက်ကွက်(၉)ကွက် ကောက်ယူသွားမှာဖြစ်ကြောင်း၊ မြေပြင်စာရင်းကောက်ယူရာတွင် လူထပ်ခြင်းနှင့် ကျန်ရှိခြင်းမရှိစေရေး သက်ဆိုင်ရာ မြို့နယ်/ ရပ်ကွက်/ကျေးရွာအဆင့် …

Read More »

(၁၀၆)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၈ ============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက (၁၀၆)ကြိမ်မြောက် ဘက်စုံ သားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင် မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့် သားဖွား ဆရာ/ဆရာမများကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး ဝန်ဆောင် မှုများ ပေးနိုင်ရန် အစွမ်းကုန် …

Read More »