နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေခံဖြစ် သည့် (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီး

ပဲခူး ဧပြီ ၂၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီးခြင်း အခမ်းအနား ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံဖြစ်သည့် (နိုင်-၄)စာရင်းမှတ်တမ်း ရိုက်သွင်းခြင်းအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူ၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း (နိုင်-၄)စာရင်းအရ လူဦးရေ(၅၄)သိန်းကျော်အား Excel Format ဖြင့် ဧပြီလ(၄)ရက်နေ့ မှစ၍ ရိုက်သွင်းခဲ့ရာ ဧပြီလ(၂၇) ရက်နေ့ နံနက်ပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် တတိယအများဆုံး (နိုင်-၄)စာရင်း ရေးသွင်းရသည့် …

Read More »

မကြာမီ တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူး တက္ကသိုလ် လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ပဲခူး ဧပြီ ၂၆ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဧပြီလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက မကြာမီ တက္ကသိုလ် များ ဖွင့်လှစ်တော့မည်ဖြစ်၍ ပဲခူးတက္ကသိုလ် လိုအပ်ချက်များ သွားရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ် အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်မှ မကြာမီ အဝေးသင်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စတင်အပ်နှံနေပြီဖြစ်ပါကြောင်း၊ တက္ကသိုလ် အတွင်း ကျောင်းသား/သူများအား သတ်မှတ်အဆောင်များတွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ပဲခူးတက္ကသိုလ်အတွင်း လက်ရှိမြေအသုံးချမှု အခြေအနေနှင့် အနာဂတ်တွင် တိုးချဲ့ဆောင်ရွက်သွားမည့် ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် မြေအသုံးချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ဝေါ ဧပြီ ၂၃ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဝေါ-ကြာလဟာ-ဦးမိုးစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည် အသွေး ကောင်းမွန်စေရေးနှင့် လမ်းပုခုံးသားများ ဂဝံအမာခံရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် လုံခြုံရေးနှင့်စစ်ဆေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ တရားမဝင်ကန့်သတ်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် ဝင်ရောက်မှုမရှိစေရေးနှင့် …

Read More »

ကျောင်းသား/သူများအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေ ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဧပြီ ၂၁ ===================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၉)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား/သူများ လမ်းညွှန်မှုခံယူပွဲ ကျင်းပပြုလုပ်ခဲ့သည်။           အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်း ဖြစ်တည်နေသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမ စိတ်ဓာတ်ဖြင့် …

Read More »

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံခြင်းနှင့် နိုင်(၄)စာရင်းများအား ဧပြီလအကုန် Server အတွင်း အပြီးထည့်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး ဧပြီ ၂၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြု လုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အိမ်နီးချင်း နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားလျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အမျိုးသားရေး ရည်မှန်းချက် တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိသဖြင့် အခြားနိုင်ငံ များလို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အလွန်နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ပဲခူးတိုင်းဒေသကြီး အတွင်းမှာလည်း မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့ရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား …

Read More »