ပဲခူး ဩဂုတ် ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလု်ပငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများ၊ တောတောင်ရေမြေသဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသစ်များ ဖော်ထုတ် ဆောင်ရွက်သွားရန် လိုအပ်သလို ရာသီအလိုက်ပွဲတော်များ ကျင်းပသွားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်သလို မြို့ပြသန့်ရှင်းသာယာလှပရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး သည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပွဲတော်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ၊ တိုင်းရင်းသားကျေးရွာတို့၏ လူနေမှုဓလေ့စရိုက်များအား ပြန်လည်ဖော်ထုတ်၍ ခရီးစဉ်အသစ်များ ထပ်မံချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်မည့် …
Read More »အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
နောက်ဆုံးရသတင်းများ
မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရေးအတွက် ဒေသန္တရစီမံကိန်းများ ရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ ယခုလို သံရည်ကျိုပုံသွန်းလောင်းသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သံရည်ကျိုခြင်း၊ ပုံလောင်းခြင်းများကို ခေတ်မီ …
Read More »ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ ဘုန်းတော်ကြီးကျောင်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး
ပဲခူး ဩဂုတ် ၁၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မမှူးနှင့်အတူ ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှု ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်နှင့် မဇင်း ရပ်ကွက်၊ အနောက်ရွှေနံ့သာဘုန်းတော်ကြီးသို့ ရောက်ရှိခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှု၊ ရေကြီးနစ်မြှုပ်ခဲ့မှု ကြောင့် ပျက်စီးခဲ့သည့် လမ်း/တံတားများ အခြေအနေ၊ ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရန် ပြန်လည်ပြင်ဆင်ပေးရမည့် အခြေအနေများ၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းနေမှု၊ ကွန်ကရစ်ဓါတ်တိုင်များ ပြန်လည်အစားထိုးဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ သန့်ရှင်းရေး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ဖြည့်ဆည်းပေး
ပဲခူး ဩဂုတ် ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာရှိ ငါးညီနောင် အဆင့်မြင့်မွေးမြူရေးခြံသို့ရောက်ရှိခဲ့ပြီး (DYL) အသားတိုးဝက်ကောင်ရေ(၃၀၀၀)၊ ဥစားကြက် ကောင်ရေ(၁၀၀၀၀၀)နှင့် ငါးကောင်ရေ(၈၉၀၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး နေဗီယာမြက် တိုးချဲ့စိုက်ပျိုးရန်၊ ထုတ်လုပ်သည့် အသား/ငါး/ဥများ ဘင်းကင်းလုံခြုံသော အစာအစာဖြစ်စေရေး GAqP စနစ်အား အထူးအလေးလိုက်နာဆောင်ရွက်ရန်၊ တိရစ္ဆာန်အစားအစာ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး အသိပညာပေးရန်နှင့် ငါးကန်ဘောင်တစ်လျောက် စီးပွားဖြစ်စားသုံးသီးနှံပင်များ စိုက်ပျိုးရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကဝမြို့အဝင်၊ ပဲခူးမြစ်ကူး တံတားကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ဘေးတစ်လျောက် ရေကြီးနစ်မြှုပ်ခဲ့သည် လယ်မြေများတွင် အမြန်ဆုံး ရေပြန်လည်ကျဆင်းနိုင်ရေး …
Read More »တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသ ကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ရာဘာအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များတွင် သွင်းကုန်အစားထိုး တန်ဖိုးမြှင့်ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် MSMEs လုပ်ငန်းများအတွက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများ ပြည့်စုံလုံလောက်စွာရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးရန်နှင့် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website