နောက်ဆုံးရသတင်းများ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၃၁ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၃၁)ရက်နေ့  နံနက်ပိုင်းက သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်း ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့ မြို့နယ်ခန်းမတွင် လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ် အတွင်း ကိုဗစ်(၁၉) ရောဂါ ခံစားခဲ့ရသော ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအတွက် တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း (၁၂၃)သိန်းအား သာယာဝတီခရိုင် ဆေးရုံအုပ်ကြီးထံပေးအပ်ခဲ့ပြီး သာယာဝတီမြို့ ကြက်ခြေနီရုံးဝန်း အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်ရက်လျှင် အောက်စီဂျင် (၄၀) လီတာအိုး (၁၈၀) ထွက်ရှိသည့် Oxygen Plant လည်ပတ်နေမှုနှင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံဝန်းအတွင်း …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၃၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်များ နေ့စဉ်ပိုမိုဖြစ်ပွားတွေ့ကြုံနေရကာ မြန်မာနိုင်ငံတွင် လည်း ရာသီဥတု၊ ပထဝီအနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ လည်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဧရာဝတီမြစ်ရေ မြှင့်တက်မှုများကြောင့် တိုင်းအတွင်း ဒေသအချို့၌ ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလေ့ရှိကာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိသည်ကို သိရှိရကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် …

Read More »

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၂၉ ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမစုရပ်နှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးစုရပ်တို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် နိုင်ငံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း၊ အင်းတကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် Volunteerများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လိုအပ်မှုမရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကာကွယ်ဆေးထိုးနှံရာတွင် အသက်အရွယ် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးဒေသနှင့် တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး

ပဲခူး ဩဂုတ် ၂၈ ========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးဒေသနှင့်တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား တွေ့ဆုံဆွေးနွေး ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  အနာဂတ်တွင် စနစ်ကျသည့် မြို့ပြများ ဖြစ်ပေါ်လာစေရန် အဓိကအားဖြင့် Town Plan များ ရေးဆွဲထားမှုပေါ် အခြေခံပြီး ဆောင်ရွက်ရကြောင်း၊ မြိုပြများအဆင့်မြှင့်တင်တိုးချဲ့ရာတွင် လူနေအိမ်ရာဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုး/မွေးမြူရေးဇုန်များ၊ ဟိုတယ်ဇုန်နှင့် အခြားဝန်ဆောင်မှုဇုန်များ စသည်ဖြင့် ခွဲခြားထားရန်လိုအပ်မည်ဖြစ်ပြီး ဇုန်တစ်ခုနှင့် တစ်ခုကြား(၁)ကီလိုမီတာ အကွာအဝေးတွင် ကြားခံဇုန်အဖြစ် သစ်တော/သစ်ပင်များ ထားရှိမည့် စိမ်းလန်း ရေးဇုန်တစ်ခု ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဲခူးဒေသရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးစီမံကိန်းနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်အလုပ်လုပ်ကိုင်မည့် အလုပ် သမားများ အခြေချကျူးကျော်နေထိုင်မှုမရှိစေရေး သီးခြားမြေနေရာ (သို့မဟုတ်) …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၂၇ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System  ကျင်းပပြုလုပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ဧက လျာထားချက်ပြည့်မီ ကျော်လွန် အောင်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ ဓါတ်မြေဩဇာဈေးနှုန်းများ မြှင့်တက်နေမှုအပေါ် ပြန်လည် ကုစားနိုင်ရေး တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာအသုံးပြုနိုင်ရေး နည်းပညာပေးခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အလေးထားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းလျော့ကျလာသော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက်လိုက်နာ နေထိုင်သွားလာနိုင်ရေး ပညာပေးခြင်းလုပ်ငန်းကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နွေစပါးနှင့် ဆီထွက်သီးနှံဖြစ်သော ပဲအမျိုးမျိုးနှင့် နေကြာ စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယခုအချိန်ကတည်းက ရေလိုအပ်သည့်နေရာများ ဆိုလာစနစ်ဖြင့် ရေပေးနိုင်ရေး ကြိုတင်စုစည်းတင်ပြပေးရန်၊ ကမ်းပြိုမှုကြောင့် နှစ်စဉ်ဆုံးရှုံးနေရသည့် လယ်ယာမြေများနှင့်ပတ်သက်၍ စိုက်ပျိုးဧကတိုးချဲ့၍ မရသော်လည်း …

Read More »