နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

(၈၀)နှစ်ပြည့်ပဲခူးတိုင်းဒေသကြီးအဆင့်ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဒီဇင်ဘာ ၁၈ (ပဲခူး) =================================== ဒီဇင်ဘာလ(၁၇)ရက်နေ့၊ ညနေ(၅:၃၀)နာရီအချိန်က မင်းလှမြို့ အားကစားကွင်း၌ (၈၀)နှစ်ပြည့် ပဲခူးတိုင်းဒေသကြီးအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် သာယာဝတီခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ စောသောင်းကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဘင်ခရာတပ်ဖွဲ့နှင့်အတူ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ကရင်နှစ်သစ်ကူးနေ့သည် ကရင်တမျိုးသားလုံး၏ အထွဋ်အမြတ်ထားသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး မြန်မာလ၏ ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်ပြက္ခဒိန်အရ ပထမဆုံးလဖြစ်သောကြောင့်ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားပွဲကို ၁၉၃၈ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ကရင်နှစ်သစ်ကူးပွဲတော်တွင် ဖါးစည်တီးခြင်း၊ ၀ါးညှပ်အက ၊ ဒုံးယိမ်းအကစသည့် ကရင်ရိုးရာဖျော်ဖြေပွဲများ ဖြင့်ကျင်းပကြကြောင်းသိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်ခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိဆည်များနှင့် ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ကျေးရွာ ပရဟိဘုန်းတော်ကြီးကျောင်းတို့အား ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၁၇ (ပဲခူး) ================================= ဒီဇင်ဘာလ (၁၇)ရက်နေ့၊ နံနက်(၇) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်နှင့် သာယာဝတီခရိုင်အတွင်းရှိ ဆည်များအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ရှေးဦးစွာ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ လယ်ဘဲ့ကျေးရွာရှိ မြောက်နဝင်းဆည်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆည်ရေသောက်စနစ်နှင့် ဆည်၏ သမိုင်းကြောင်းကို ဆည်မြောင်းစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ ဒေသအကျိုး၊ တိုင်းဒေသကြီးနှင့် နိုင်ငံအကျိုးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ကျေးရွာ ပရဟိတဘုန်းတော်ကြီးကျောင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး ကျောင်းအုပ်ဆရာတော်ထံ အလှူငွေနှင့် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းကာ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံပြီး အားပေးစကားများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန်စည်းစည်းလုံးလုံးနေထိုင်ခြင်း၊ အလုပ်အကိုင်များ ကြိုးစားရှာဖွေစုဆောင်းခြင်းများ ပြုလုပ်ကြရန် ပြောကြားခဲ့သည်။ ယင်းနောက် …

Read More »

ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ပညာရေးကောလိပ် ပြောင်းရွေ့ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှု

FI

ဒီဇင်ဘာ ၁၆(ပဲခူး) =================================== ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ပြည်မြို့(ရုံးခွဲ) အစည်းအဝေးခန်းမ၌ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းနှင့် တိုင်း/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကား ပြောကြားကာ တက်ရောက်လာကြသော ပညာရေးဌာနတာဝန်ရှိသူများက ပညာရေးဌာနနှင့် သက်ဆိုင်သည်များကို ဆွေးနွေးမေးမြန်းကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ပညာရေးကောလိပ် အဆင့်မြှင့်တိုးချဲ့ ပြောင်းရွေ့ဖွင့်လှစ်မည့် မြေနေရာအား သွားရောက်ကြည့်ရှုရာ ပြည်မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်းအေးက ရှင်းလင်းတင်ပြသည်။ ပြည်ပညာရေးကောလိပ် အဆင့်မြင့်တိုးချဲ့ ပြောင်းရွေ့ဖွင့်လှစ်မည့် နေရာသည် …

Read More »

ပြည်မြို့၊ လူထုလမ်းလျှောက်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဒီဇင်ဘာ ၁၆ (ပဲခူး) ====================== ပြည်မြို့၊ ဒီဇင်ဘာစုပေါင်းလူထုလမ်းလျှောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ စုပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်မြို့တွင်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် ပျူရှေးဟောင်းမြို့ရိုး ပြန်လည်တူးဖော်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေး

FI

ဒီဇင်ဘာ ၁၅ (ပဲခူး) ==================================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ(၁၅)ရက်နေ့ ညနေ(၄)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့်အတူ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ ရွှေဟင်္သာအိမ်ရာစခန်းတွင် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ရွှေဟင်္သာအိမ်ရာအတွင်း (၄)ခန်းတွဲ(၅)ထပ် ဝန်ထမ်းအိမ်ရာ(၂)လုံးအား ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုငွေ ကျပ်သန်း(၅၇၂.၆၂၈)သန်းဖြင့် မင်းသွေးပိုင်ကုမ္ပဏီနှင့် Myo&Myo Co.Ltdတို့က တာဝန်ယူကာ ၂၀၁၇ခုနှစ် အောက်တိုဘာလမှ စတင်ဆောက်လုပ်ပြီး ၂၀၁၈ခုနှစ် မတ်လတွင် လုပ်ငန်းပြီးစီးမည်ဖြစ်သည်။ ယခုလက်ရှိ တည်ဆောက်မှုအနေဖြင့် (၄၀)ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်း မှော်ဇာမြို့အတွင်း (၆၆)ဧကရှိ …

Read More »