Home / 2024 / May / 05

Daily Archives: May 5, 2024

ပဲခူးမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးသတ်တပ်ဖွဲ့သည် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိပြီး မည်သို့သော အခြေအနေမျိုးတွင် မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့်အညီ စွန့်လွှတ်စွန့်စားစွာ စွမ်းစွမ်း တမံ သယ်ပိုးဆောင်ရွက်သော ပြည်သူ့အကျိုးပြုတပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် မီးဘေးအပြင် အခြားသော ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်နေသည့် တပ်ဖွဲ့တစ်ခုသည်နှင့်အညီ စည်းကမ်း ကောင်းမွန်မှု၊ အမိန့်နာခံကောင်းမွန်မှုနှင့်တို့အတူ တိုးတက်ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့ မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စံပြမီးသတ်စခန်းဆုရရှိသည့် …

Read More »