ပဲခူး ဖေဖော်ဝါရီ ၁၄ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံတော်အား ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ အောင် ဆောင်ရွက်နေလျက်ရှိရာ နိုင်ငံအတွက် အကျိုးရှိမည့် လုပ်ငန်းများအား ရပ်တန့်နေ ခြင်းမျိုးမရှိစေဘဲ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း၊ ဌာနများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းရင်းသားပြည်သူလူထု အားလုံး၏ အကျိုးစီးပွား သာယာဝပြောစေရေးနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး တို့အတွက် ဌာနအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ အကောင်းဆုံးနည်းလမ်းများကို ရွေးချယ်ပြီး စေတနာထား ဆောင်ရွက်ရန်လိုကြောင်း ဌာနအတွင်းရှိ နိုင်ငံဝန်ထမ်းများအနေဖြင့် ပြဋ္ဌာန်းထားရှိ ပြီးဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေနှင့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး နိုဝင်ဘာ ၁၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ…
ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပဲခူးမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး
ပဲခူး နိုဝင်ဘာ ၉ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းည…
လုံခြုံရေးတပ်ဖွဲ့ဝင် မိသားစုများအတွက် စက်ချုပ်၊ စားသောက်ကုန်၊ လူသုံးကုန် သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်
ပဲခူး နိုဝင်ဘာ ၈ ပဲခူးမြို့၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ရန်ငြိမ်းအေးခန်းမ၌ နိုဝင်ဘာလ(၈)…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင် မီး…
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၁.၄၂၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၄၉၃၀)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး နိုဝင်ဘာ ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၆)ရက်နေ့၊ မွ…
(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(…
ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက်မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၄ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် မသ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် လူဦးရေ(၁၅၀၀၀) စတုဒီသာ ကျွေးမွေးခြင်း ဆောင်ရွက်ပေးနိုင်ခဲ့
ပဲခူး နိုဝင်ဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်မုန်းလပြည…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ပန္နရသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး နိုဝင်ဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံန…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ပြီး (၇၄)နှစ် မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၂ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက် (၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံးဝန်းအတွင်း၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အလံတင်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အတွင်းရေးမှူး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာများ တက်ရောက် ကြပြီး နံနက်(၅:၃၀)နာရီအချိန်တွင် အလံတင်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်၍ အလေးပြုကြသည်။ ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ဆက်လက်ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော် အပေါင်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ …
Read More »တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၀ =============== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ ပဲခူးတိုင်းဒေသကြီး၏ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဥပဒေနှင့်အညီသာ ဝင်ရောက် ထိန်းသိမ်းပေးခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကာလ စတင်ကြေညာသည့် အချိန်မှစ၍ စီမံအုပ်ချုပ်ရေးကောင်စီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဒီမိုကရေစီ လမ်းစဉ်အတိုင်း စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ တိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အရေးပေါ်ကာလ တစ်နှစ်အတွင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအလိုက် တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောက်လုပ်ဆဲလုပ်ငန်းများ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ဘာသာပေါင်းစုံအဖွဲ့တို့ တွေ့ဆုံ
ပဲခူး ဖေဖော်ဝါရီ ၇ =================== ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၇) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ဖေဖော်ဝါရီ(၁) ရက်နေ့တွင် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ(၁)နှစ် တာဝန်ယူဆောင်ရွက်လျက်ရှိ သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒ၊ အုပ်ချုပ်ရေးနှင့်ပတ်သက်သည့် မူဝါဒ၊ စီးပွားရေးနှင့်ပတ်သက်သည့် မူဝါဒ၊ လက်ရှိသွားနေသည့် နိုင်ငံရေးလမ်းစဉ်အပေါ်တွင် လုံးဝပြောင်းလဲခြင်းမရှိကြောင်း၊ ဆောက်လုပ်ဆဲ လုပ်ငန်းများ လုပ်ဆောင်နေသည်များရှိကြောင်း၊ ဆက်လက်၍ စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကောလဟလ သတင်း များအား Social Media နှင့် တယ်လီဖုန်း စာတိုပေးပို့ခြင်းတို့မှတစ်ဆင့် …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှု နှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဖေဖော်ဝါရီ ၆ =================== ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ မြို့ဦးကင်းတံတား တည်ဆောက်ပြီးစီးမှုနှင့် ကျုံးကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ကောင်စီဝင်များသည် ပဲခူးမြို့၊ မြို့ဦးကင်းတံတား ရှင်းလင်းဆောင်သို့ သွား ရောက်ခဲ့ရာ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉) မြို့ဦးကင်းတံတားတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာ ဒေါ်စုမွန်ကျော်မှ မြို့ဦးကင်းတံတား တည်ဆောက်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးမှ မြို့ဦးတံတားနှင့် ချိတ်ဆက်မည့် မဂ္ဂတစ်လမ်း ကျုံးကူးတံတား တည်ဆောက်နေမှု အခြေအနေ၊ အရှေ့ဘက် မြို့ရှောင်လမ်း ဖောက်လုပ်နေမှု အခြေအနေနှင့် မြေယာလျော်ကြေး ပေးချေနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website